396 - 400

539 56 0
                                    

အပိုင်း၃၉၆

ဝမ်းဟန် ကံကြမ္မာကိုရော ဂြိုဟ်ဆိုးဆိုတာတွေကိုရောမကြိုက်ပေ။အဲ့တာတွေတည်ရှိနေမှတော့ ကြိုးစားနေရတာဘာထူးတော့မှာလဲ?

သူ လက်မြှောက်လိုက်ချိန်မှာပဲ ဆူပွက်နေတဲ့ချော်ရည်တွေကတစ်စုံတစ်ရာရဲ့ဆွဲငင်ခံလိုက်ရသလိုမျိုးနောက်ကိုတဟုန်ထိုးစီးဆင်းသွားတယ်။ ချော်ရည်ပူထဲမှာမြောနေတဲ့ရွှမ်းယင် ရုတ်တရက်ဖိအားတစ်ခုကိုခံစားလိုက်ရကာ သူမရဲ့ခန္ဓာကိုယ်က ချော်ရည်ပူထဲကိုတဖြည်းဖြည်းနစ်မြှုပ်လာတယ်။သူမရဲ့ခန္ဓာကိုယ်သာ ကြံ့ခိုင်မနေရင်အခုဆိုပြာဖြစ်နေလောက်ပြီ။ ရွှမ်းယင်း သူမကိုကုန်းပေါ်ရောက်အောင်ခေါ်သွားပေးနိုင်မယ့်တစ်စုံတစ်ရာကိုလိုက်ရှာနေစဥ်မှာပဲ အနီရောင်သလင်းကျောက်တုံးကြီးတစ်တုံးကိုတွေ့လိုက်ရတယ်။ ရွှမ်းယင်အားကုန်သုံးကာထိုကျောက်တုံပေါ်ကိုတွယ်တက်လိုက်တယ်။
"ဟူး..."သူမ အားတွေကုန်ခမ်းသွားပြီဖြစ်တာကြောင့် မလှုပ်ရှားနိုင်တော့ကာအသက်သာရှူနိုင်တော့တယ်။

ဝမ်းဟန်မျက်မှောင်ကြုပ်လိုက်မိကာသတ်ဖျက်လိုစိတ်တွေဖြစ်ပေါ်လာတယ်။ သူ့ကိုတစ်စုံတစ်ယောက်ကအတင်းကြပ်စေခိုင်းနေသလိုမျိုးထိုအမျိုးသမီးကိုကယ်သင့်တယ်ဆိုတဲ့အတွေးတွေက ခေါင်းထဲကိုဝင်လာနေတယ်။သူ ထိုအတွေးတွေကိုထိန်းချုပ်ဖို့ကြိုးစားလိုက်တော့ သူ့ပတ်ပတ်လည်ကလေတွေကဓားသွားတွေလိုပြောင်းပြီးသူ့အရေပြားကိုဖြတ်နေကြသလိုခံစားလိုက်ရတယ်။
"စဥ်းတောင်မစဥ်းစားနဲ့!" ဝမ်းဟန် အားပြင်းပြင်းနဲ့ရိုက်ချလိုက်တော့ သူ့ရှေ့ကကျောက်ကြမ်းပြင်ကအက်ကွဲသွားတယ်။ထိုကျောက်ပြင်ကိုပူနွေးအောင်လုပ်ပေးနေတဲ့မီးဝိညာဥ်မှာ ဝမ်းဟန်ရဲ့ဒေါသကိုလန့်သွားကာ ရုတ်တရက်ထခုန်မိလိုက်တာကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးက လှုပ်ရှားသွားကာ ဓားသင်္ချိုင်းကြီးတစ်ခုလုံးလဲခါယမ်းသွားတယ်။ အပေါ်မှာရှိနေတဲ့ချင်းချန်နဲ့ဇဲမှာ ထိုဆူညံသံကြောင့်နိူးထလာခဲ့ကြတယ်။ ချင်းချန် ဘာတွေဖြစ်နေလဲဆိုတာစုံစမ်းမလို့ပြင်နေစဥ်မှာပဲ ပတ်ဝန်းကျင်တစ်ခုလုံးပြိုကျတော့မှာကိုသတိထားမိသွားတာကြောင့် ဇဲကိုခေါ်ပြီးလုံခြုံတဲ့နေရာကိုလိုက်ရှာလိုက်တယ်။ ရွှမ်းယင် သူမရဲ့ခေါင်းထက်ကမြေပြင်အက်ကွဲလာတာကိုတွေ့ရတော့ထိတ်လန့်သွားပေမဲ့ ချက်ချင်းပြန်တည်ငြိမ်သွားတယ်။ စောစောကကြားလိုက်ရတဲ့အသံကျယ်ကြီးက ပြိုကျရတဲ့အဓိကအကြောင်းရင်းဖြစ်နိုင်တယ်လို့တွေးမိကာသူမ ပြင်ပေးနိုင်မလားဆိုတာ တစ်ချက်လောက်သွားကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now