211 - 215

670 58 0
                                    

အပိုင်း-၂၁၁ (ပြောင်းဖူးဖုတ်)

ပြိုင်ပွဲပထမနေ့က  ဇွန်လ၁ရက်နေ့ ဖြစ်တယ်။

နန်းမြို့တော်ရှိလူတိုင်းကလဲ ဗဟိုကွင်းပြင်မှာ ကျင်းပမယ့် ပြိုင်ပွဲကို စိတ်ဝင်တစားရှိနေကြတယ်။ ဗဟိုကွင်းပြင်ရဲ့ တည်ဆောက်ပုံက ရောမခေတ် ကွင်းပြင်ကျယ်ကြီးတွေလိုမျိုး တည်ဆောက်ထားပြီး အလယ်မှာ   ပေတစ်ရာခန့် မြင့်တဲ့ စင်မြင့်တစ်ခုရှိနေကာ  ပြိုင်ပွဲကို ထိုစင်မြင့်ပေါ်မှာ ကျင်းပမှာပဲဖြစ်တယ်။

ကွင်းပြင်တစ်ခုလုံးကို အဖြူရောင်စကျင်ကျောက်ဖြင့် တည်ဆောက်ထားပြီး ခမ်းနားထည်ဝါနေကာ တစ်ခါတစ်ရံမှာ ထိုစကျင်ကျောက်တွေကနေ မှိတ်တုတ်မှိတ်တုတ် အလင်းတန်းတွေကို ထုတ်လွှတ်ပေးနေလျှက်ရှိသည်။

ပွဲကြည့်ပရိသတ်တွေအားလုံး  အထဲကို ရောက်တာနဲ့ ကွင်းလယ်က  စင်မြင့်ပေါ်မှာ လူငယ်ခုနစ်ယောက် နေရာယူထားတာကို  တွေ့လိုက်ကြတယ်။  သူတို့၇ယောက်လုံးက   တော်ဝင်ကျောင်းတော်ရဲ့ အမှတ်တံဆိပ်ကို  ရင်ဘတ်ပေါ်မှာ ရွှေချည် ထိုးထားတဲ့ အနက်ရောင် တူညီ၀တ်စုံတွေကို ၀တ်ဆင်ထားကြပြီး လူအများကြားမှာ  ထင်းနေကြတယ်။

"သူတို့က တော်ဝင်ကျောင်းတော်က နာမည်ကြီး ကျောင်းသားတွေဆိုတာလား?"  တစ်စုံတစ်ယောက်က တီးတိုးမေးလိုက်သည်။

"ငါလဲ မသိဘူး, သူတို့တွေက  ဖွင့်ပွဲအခမ်းအနားအတွက် ဖျောဖြေပေးမယ့် သူတွေလဲ ဖြစ်နိုင်တာပဲလေ" 

"ဘယ်က ဖွင့်ပွဲအခမ်းအနားရမှာလဲ?  သတင်းတွေအရဆို တော်ဝင်ကျောင်းတော်က ကျောင်းသား၇ယောက်ကို စိန်ခေါ်ဖို့အတွက် ဒီပြိုင်ပွဲကို ကျင်းပပေးထားတယ်ဆိုတာ သူတို့၇ယောက်က  အဲ့ကျောင်းသားတွေပဲဖြစ်မှာပေါ့"  သူတို့ဘေးက လူက ဝင်ပြောလိုက်တယ်။

လူတွေ ဘယ်လိုပဲ မှတ်ချက်တွေ ပေးနေကြပါစေ စင်မြင့်ပေါ်မှာ  တင်ပျဉ်ခွေထိုင်နေတဲ့ လူခုနစ်ယောက်ကတော့ နေရာမရွေ့ထိုင်နေကြကာ ပြိုင်ပွဲစတင်မယ့် အချိန်ကိုပဲ စောင့်မျှော်နေကြတယ်။

လင်းဖန် ကောင်းကင်ကို တစ်ချက်  ကြည့်လိုက်ကာ "အချိန်ကျပြီ။ ငါ ဒီကို မလာခင်က ကျောင်းအုပ်ကြီးက ပြိုင်ပွဲကို စိတ်ဝင်စားစရာကောင်းအောင် တိုက်ကြဖို့ မှာလိုက်တယ်။ မဟုတ်ရင်.."

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Unde poveștirile trăiesc. Descoperă acum