Arc 4🗡19🗡စက္ကန့်အပိုင်းအတွင်းသတ်ခြင်း

Start from the beginning
                                    

ရှီးမန်ဝေ့ သုံးယောက်က သူ့အနားကို ကပ်လာနေတာကို ကြည့်ရင်း ခေါင်းကို ခါယမ်းလိုက်ပြီး သူ့စိတ်စွမ်းအားတွေကို အနည်းငယ် ထုတ်လွှတ်ပေးလိုက်သည်။

ခဏအတွင်းပင် ရှီးမန်ဝေ့သည် မုန်တိုင်းထန်သော ပင်လယ်ထဲကို ရောက်သွားတဲ့ ပြားပြားချပ်ချပ် လှေလေး တစ်စင်းလို ဖြစ်နေကာ အချိန်မရွေး မှောက်တော့မလို ဖြစ်သွားသည်။

"ဘာ? ဘယ်လိုလုပ် ဒီလောက်ပြင်းထန်တဲ့ စိတ်စွမ်းအား ရှိနေတာလဲ?"

ရှီးမန်ဝေ့ သူအိမ်ငယ်များ ကျုံ့သွားသော်လည်း ခံစားချက်ကို မခံစားနိုင်မီတွင် သူ့ခန္ဓာကိုယ် တစ်ခုလုံး အေးခဲသွားကာ ဖိအားကို မခံနိုင်တော့ဘဲ ပူဖောင်းများကဲ့သို့ ပေါက်ကွဲထွက်သွားတဲ့ ကိုယ်ပွားနှစ်ခုကို တွေ့လိုက်ရသည်။

စိတ်ဝိညာဉ်စွမ်းအား ၁၈ပင်တည်း။ ၎င်းသည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉နှင့် ညီမျှနေပြီဖြစ်သည်။ ဤစိတ်စွမ်းအားမျိုးသည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် ပြီးပြည့်စုံသော ကာလက သူ ခံနိုင်ရည်ရှိသောအရာ မဟုတ်ပေ။

"ဆင်းလိုက်တော့!"

စိတ်စွမ်းအားသည် ပြိုင်ဘက်၏ ကိုယ်ပွားနှစ်ခုကို သတ်ပစ်ခဲ့ပြီးသော်ငြား လုရွှမ် လုံးဝမရပ်တန့်ဘဲ လက်ဝါးတစ်ချက် ထပ်မံ ရိုက်ထည့်လိုက်သည်။ စိတ်စွမ်းအား ၀.၂ တိုးလာသလို ခွန်အားလည်း သိသိသာသာ တိုးလာခဲ့သည်။

အုန်း!

လက်သီးနဲ့ လက်ဝါးတို့ တိုက်မိပြီး အခင်းအကျင်းကြီးကိုပါ ပြင်းထန်စွာ တုန်ခါသွား​စေသည်။

ခန္ဓာကိုယ်နှစ်ခုကို ထိလိုက်တာနဲ့ လုရွှမ်ရဲ့ စိတ်ဝိညာဉ် စွမ်းအားတွေက တစ်ဖက်လူရဲ့ ကိုယ်ထဲကို အရူးအမူး စိမ့်ဝင်သွား၏။ ထို့နောက် ရှီးမန်ဝေ့ မျက်လုံးထဲက စိတ်လှုပ်ရှားမှုတွေဟာ စိတ်ပျက်အားငယ်ခြင်း ဘက်သို့ ကူးပြောင်းသွားလေသည်။

အဆုံးမရှိ စွမ်းအားကြီးမားသော လှိုင်းလုံးကြီးတစ်ခုလို ထိပ်တိုက် တိုးဝင်လာတဲ့အခါ ပုန်းစရာ ရှောင်စရာ နေရာမရှိသော လှေသည် တိုက်ရိုက်ပျက်စီးသွားကာ ပင်လယ်၏ အောက်ခြေ နက်ရှိုင်းသော နေရာအထိ နစ်မြုပ်သွားခဲ့သည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now