ဝိန်းရိဖန်က ဘတ်စ်ကားမှတ်တိုင်ရှိထိုင်ခုံ​ပေါ်တွင်ထိုင်ပြီး စိတ်လွင့်လွင့်ဖြင့်နား​ထောင်​နေမိ၏။

"အင်း"

​နောက်ထပ် တိတ်ဆိတ်သွားမှုကြီးတစ်ခု။

အချိန်မည်မျှပင်ကြာသွားခဲ့မှန်းမသိ ဖုန်းတစ်ဖက်ခြမ်းမှ ​ချောင်းဆိုးသံသဲ့သဲ့တစ်ခုအား ဝိန်းရိဖန်ကြားလိုက်ရကာ မျက်​တောင်များ လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားခဲ့၏။

"အားကျန့်"

​ကျောက်ယွမ့်တုံ၏အသံတို့က ​တဖြည်းဖြည်းနှင့်သိသိသာသာတုန်ယင်လာခဲ့ကာ

"သမီး ​မေ​မေ့ကိုအပြစ်တင်​နေမယ်မှန်း သိပါတယ်..ဒီနှစ်​တွေထဲမှာ ​အ​မေတစ်​ယောက်ရဲ့တာဝန်​တွေကို မ​ကျေခဲ့ဘူး..​မေ​မေ လွန်ခဲ့တဲ့နှစ်ရက်တုန်းက သမီးရဲ့အ​ဖေကို အိပ်မက်မက်တယ်..သူလည်း ​မေ​မေ့ကိုအပြစ်တင်..."

"ဘာ​စကားပဲပြော​ပြောအဆင်​ပြေတယ်ဆို​ပေမယ့်.."

ဝိန်းရိဖန်က ​ကျောက်ယွမ့်တုံအား စကားဖြတ်​ပြောလိုက်ကာ

"​ဖေ​ဖေ့အ​ကြောင်းကို ထည့်မ​ပြော​ပေးလို့ရမလား"

"...."

စိတ်ခံစားချက်များက ထိုးထွက်လာမှန်းသိလိုက်သည်နှင့် ဝိန်းရိဖန်က မျက်လွှာကိုချကာ ချက်ချင်းစိတ်ငြိမ်​အောင်ကြိုးစားလိုက်၏။

"မငိုနဲ့​တော့..သမီး ​နေရထိုင်ရတာအရမ်းအဆင်​​ပြေတယ်..အချိန်ရှိရင် ​အမေ့ဆီလာခဲ့မှာပါ"

​ကျောက်ယွမ့်တုံက အသံတစ်ချက်မထွက်လာ​၏။

ဝိန်းရိဖန်က ပြုံးလိုက်ရင်း

"ပြီး​တော့ ​အမေ့ရဲ့ အ​မေတစ်​ယောက်တာဝန်​တွေကိုလည်း ​ကောင်း​ကောင်း​ကျေပွန်ခဲ့ပါတယ်"

-- ဒီသမီးအတွက် မဟုတ်ခဲ့တာ​လေးတစ်ခုပဲ...

အချိန်ကိုက်​ရောက်လာခဲ့သည့်ဘတ်စ်​ကား​ကြောင့် ဝိန်းရိဖန်က ထိုင်​နေရာမှ မတ်တပ်ထရပ်လိုက်ပြီး ဖုန်းချပစ်လိုက်​တော့၏။ဘတ်စ်ကား​ပေါ်​ရောက်လာပြီး​​နောက်တွင် ထိုင်စရာ​တစ်​နေရာရှာ​လိုက်ပြီး တ​ရွေ့​ရွေ့သွား​နေသည့်ကားပြတင်းမှန်အပြင်ဘက်ဆီမှ တလက်လက်​ထနေသည့် အလင်း​ရောင်များအား ​ငေးကြည့်​နေမိလိုက်သည်။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now