20

313 29 8
                                    

"မင်ယွန်းဂီ!...နင်မထနိုင်​သေးဘူးလား!!"

မောင်နဲ့​လက်ချင်းတွဲပြီး ​သဲသောင်ပြင်မှာ​ရယ်​မော​၍ပြေးလွှား​နေတုန်း ကြားလိုက်ရတဲ့အသံဆိုးကြီး​ကြောင့် မျက်လုံးမှာဆတ်ခနဲပွင့်သွား​တော့သည်။အခုမျက်လုံးနဲ့မြင်​နေရတာက ကမ်း​ခြေကသဲ​သောင်ပြင်မဟုတ်ပဲ မြင်​​နေကျအခန်းကိုတွေ့​တော့မှ သက်ပျင်းချမိ​တော့သည်။သူအိပ်မက်မက်​နေခဲ့တာပဲ။

"မင်ယွန်းဂီ!!!"

"နိုးပြီလို့!!"

ထပ်ကြားရတဲ့အသံပြဲကြီး​ကြောင့် နိုး​နေ​ကြောင်းအသိ​ပေးရ​တော့သည်။အ​မေ့​အော်သံကသူတင်မဟုတ်ဘူး။အ​ရှေ့ခုနစ်အိမ်၊အ​နောက်ခုနစ်အိမ်က အိမ်နီးနားချင်း​တွေပါနိုးသွား​စေမယ့်အသံပါဝါမျိုး။

"ကျစ်!...ခဏ​နေရင်..မောင်နဲ့နမ်းတော့မယ့်ဟာကို"

"ဟဲ့!...နိုးရင်လည်းထလာ​လေ!!"

ထပ်​ကြားရတဲ့အသံကြောင့် ကုတင်​ပေါ်က​နေကုန်းရုန်းထပြီး မြန်မြန်မျက်နှာသစ်၍ အပြင်ကို​ပြေးထွက်ရ​တော့သည်။အခန်းပြင်​ရောက်​တော့ အားလုံးကထမင်းစားပွဲမှာထိုင်​နေပြီဖြစ်၏။​အ​မေနဲ့အ​ဖေကတစ်ဖက်မှာထိုင်ပြီး မျက်နှာချင်းဆိုင်မှာ​ မောင်ထိုင်​နေသည်။​မောင့်ဘေးကလွတ်​နေတဲ့ခုံက​တော့ သူ့ခုံ​ပေါ့။

ဒါနဲ့...​မောင်ကဘာကိစ္စ သူ့ကိုဒီ​နေ့လာမနှိုးတာလဲ??

"ဘာလို့လာမနှိုးတာလဲ"

​​ခုံကိုဆွဲထိုင်ရင်း​မေး​တော့ ​​မောင်ကပြန်မ​ဖြေပဲပြုံးပြသည်။

"​ထယ်​ယောင်းကမနက်တည်းက..အ​စောကြီးထပြီးအိမ်သန့်ရှင်း​ရေး​တွေလုပ်​​နေတာ...ငါနိုး​တော့လည်းငါနဲ့အတူ​စျေးလိုက်ဝယ်​ပေး​သေးတယ်...မနက်စာလည်းချက်​ပေး​သေးတယ်...နင်ပဲကာလနဂါးလိုအိပ်​နေတာ"

အ​မေ​ပြော​တော့ ယွန်းဂီကဆူပုပ်ပုပ်ဖြင့် ဘာမဆိုင်ညာမဆိုင် ​စားပွဲ​အောက်ကထယ်​ယောင်းပေါင်ကိုလိမ်ဆွဲသည်။

'အာ့!'

"ဘာဖြစ်တာလဲ ​ထယ်​ယောင်း!"

​သူ့အော်သံ​ကြောင့် အ​ဖေ​ရောအ​မေကပါ​ပြိုင်တူ​မေး​လာသည်။​ကိုကို့ကိုကြည့်​​လိုက်တော့ 'ဘာလဲ'ဟူ​သောသ​ဘောဖြင့် မျက်လုံးပြူးပြသည်။

Touch Your Heart(completed)Where stories live. Discover now