9

343 34 8
                                    

"ခဏ​နေဆရာမရှင်း​ရောက်တော့မှာ​နော်...စာ​တွေပြီးပြီလား"

"အင်း"

ခုဆို​ထယ်​ယောင်းက တစ်​နေကုန်စာလုပ်ရသည့်​ကျောင်းသားတစ်ဦးဖြစ်လာ​​တော့သည်။ဒီပြင့်​ကျောင်းသား​တွေထက် စာ​လေ့လာချိန်3လ​လောက်​နောက်ကျ​နေတာမို့ ယွန်းဂီကစိုးရိမ်လွန်ပြီး မနက်ခင်းအချိန်ပိုင်းပင်​ပေးမလုပ်​တော့။တစ်​နေ့ကုန်စာအုပ်တဲ့မျက်နှာမခွာခိုင်းပဲ ကျောင်းဆရာဆိုတဲ့အတိုင်းပူညံပူညံလုပ်တတ်သည်။ဆိုးလ်တက္ကသိုလ်​ကျောင်းဆင်းဟိုက်ပါကြီးဖြစ်သည့် ယွန်းဂီကဘာသာစုံအကုန်သင်​ပေးနိုင်​သော်လည်း အချိန်မ​ပေးနိုင်တာ​ကြောင့် ​ထယ်​ယောင်းကိုbrightမှာပဲmath ၊ english ၊ physicနဲ့ scienceအတန်းကိုတက်ခိုင်းပြီး ကျန်တဲ့ကိုရီးယားဘာသာ၊သမိုင်းနဲ့လူမှု​ရေးကိုတော့ကိုယ်တိုင်အိမ်မှာသင်​ပေးသည်။သင်္ချာကခက်တဲ့ထဲပါတာမို့ ​ထယ်​ယောင်းကအဆင်​ပြေတယ်ဆိုတာ​တောင် ယွန်းဂီကဆရာမရှင်းကိုအကူညီ​တောင်း၍ ပိတ်ရက်မှာအိမ်သို့လာသင်ခိုင်းသည်။​

​ထယ်​ယောင်းမှာ​ဆရာမရှင်းနဲ့မသင်ချင်​သော်လည်း ငြင်းလို့မရတာ​ကြောင့်​ကျောင်းမှာ​တွေ့ရတဲ့အပြင်ပိတ်ရက်တိုင်းလည်း အိမ်မှာ​တွေ့ရသည်။

'တီး​တောင်'

​"​ဟော...​ရောက်လာပြီထင်တယ်...သွားကြိုလိုက်ဦး"

ယွန်းဂီပြော​တော့ ​ထယ်​ယောင်းကမသွားချင်သွားချင်နဲ့ထသွားသည်။

"ဆရာမင်...​အော်...​ထယ်​ယောင်းပါလား"

တံခါးဖွင့်ဖွင့်ချင်းဆရာမင်မျက်နှာ​လေးကို​ ​တွေ့ရမယ်ထင်ထား​သော်လည်း ဆူပုပ်ပုပ်မျက်နှာနဲ့​ထယ်​ယောင်းကို​တွေ့လိုက်ရ​တော့ ဆရာမရှင်းမျက်နှာကသိပ်မပြုံးနိုင်​​တော့​ပေ။

​​ဆရာမရှင်းလက်ထဲမှာပါလာတဲ့စာအုပ်အိတ်ကို ထယ်​ယောင်းကသယ်​ပေး​တော့ ဆရာမရှင်းကတစ်ချက်ပြုံးပြပြီးအိမ်ထဲသို့ဝင်သွားသည်။

ဒီဆရာမကသူ့ကိုစာသင်​ပေးချင်တာနည်းနည်း ​အိမ်ကြီးရှင်မျက်နှာကိုမြင်ချင်တာကများများ။ဟူး...ပိတ်ရက်​ရောက်တိုင်းဒီကိစ္စ​နဲ့ပဲအမြဲစိတ်ရှုပ်ရတယ်။

Touch Your Heart(completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ