19

294 31 10
                                    

"ကဲ...​ပြောစမ်းပါဦး...ဘာ​တွေလဲဆိုတာ"

ဧည့်ခန်းထဲမှာ ယွန်းဂီမိဘ​တွေကတစ်ဖက်မှာထိုင်​နေပြီး မျက်နှာချင်းဆိုင်မှာ​တော့ ယွန်းဂီနဲ့​ထယ်​ယောင်းထိုင်​နေကြသည်။​​ထယ်​ယောင်းကခုထိ​အေပရွန်မချွတ်ရ​သေးသလို မျက်နှာမှာလည်းဂျုံမှုန့်ဖြူဖြူ​တွေကပ်​နေတုန်း။ယွန်းဂီကလည်းအလုပ်ကပြန်လာတာနဲ့ ခြံထဲက​​နေတန်းမြင်လိုက်ရတဲ့မြင်ကွင်း​ကြောင့် ​အင်္ကျီ​တောင်မလဲနိုင်ပဲ ထိုအတိုင်းသာကုပ်ကုပ်​လေးထိုင်​နေသည်။ဒီတစ်​ခေါက် ဂျူလိုင်ပိတ်ရက်မှာ ​အ​မေတို့ကိုဖွင့်​ပြောဖို့ရည်ရွယ်ထား​သော်လည်း ခု​တော့ဘာမ​ပြောညာမ​ပြောနဲ့​ရောက်ချလာပြီး သိသွား​လေပြီ။

"နှစ်​ယောက်လုံးပါးစပ်ကို မှန်ကြည့်ဖို့​ထားတာလား...​ဖြေကြ​လေ!!"

ဒယ်ဂူးသူပီပီအသံပြဲပြီး အ​ပေါက်ဆိုးတဲ့အ​မေကထ​အော်​​တော့မှ ယွန်းဂီက​ခေါင်းမော့ကြည့်ပြီး မချင့်မရဲဖြင့်​ပြောဖို့အ​​ရေးကိုတွန့်ဆုတ်​နေသည်။ပုံမှန်အချိန်ဆို ဇတ်ကျဲကျဲနိုင်တဲ့​ထယ်​ယောင်းလည်း ယွန်းဂီအ​မေကို​တော့​ကြောက်သည်မို့ ​ယုန်သူငယ်လေးလို​ခေါင်းငုံ့ထားသည်။

"မင်ယွန်းဂီ...နင်​ဖြေစမ်း...အဲ့ဟာ​လေးနဲ့နင်ကဘာ​တွေလဲ...နင့်ကို ကိုကိုလို့​ခေါ်​နေ​တော့...ဘာလဲ!...ငါမသိ​အောင်​မွေးစားလိုက်တာလား!"

"မိန်းမ...ဒီ​ကောင်​လေးကကြီး​နေပြီ​လေ..​မွေးစားလို့မှမရ​တော့တာ"

ယုတ္တိမရှိတဲ့မိန်းမဖြစ်သူစကား​တော့ ဝင်​ထောက်​ပေး​တော့ မျက်​စောင်းထိုးခံလိုက်ရတာမို့ ချက်ချင်းပါးစပ်ပိတ်ပြီး အပြင်ကိုပဲအကြည့်လွှဲ​နေလိုက်သည်။အချိန်မ​ရွေး ​နေရာမ​ရွေး မိန်းမကို​ကြောက်​နေရတာလည်း အလုပ်တစ်လုပ်ပါပဲလား?

"ငါ​မေးတာ​ဖြေကြ​လေ!..စိတ်မရှည်​တော့ဘူး​နော်!!"

"သား...သားချစ်သူပါအ​မေ"

အ​မေကအသံပြဲကြီးနဲ့ထပ်​အော်​တော့မှ ယွန်းဂီမှာတုန်တုန်ချိချိဖြင့်​ဖြေလိုက်ရသည်။လက်ဖျား​တွေ​အေးစက်ပြီး ​ကြောက်တာဖင်ပါတုန်တယ်။

Touch Your Heart(completed)Where stories live. Discover now