15

399 32 1
                                    

နှင်း​တွေလွှမ်း​နေတဲ့မနက်ခင်းမှာ ​ကောင်​လေးတစ်​ယောက်က​တော့ အ​နွေးထည်ထူပွပွကြီးဖြင့် လမ်းမထက်မှာ​ပြေးလွှား​နေသည်။လက်ထဲမှာလည်းအထုပ်တစ်ထုပ်ကို ကိုင်လို့ထား​သေးသည်။​သိုး​မွေးဦးထုပ်အ​နက်​ရောင်​လေးဖြင့် ​ခပ်မြန်မြန်​ပြေးသွားပုံမှာ နှင်း​တွေကြားထဲ​​ပြေးလွှား​နေတဲ့ကျား​ပေါက်လေးတစ်​ကောင်အလား။

"အိုး...​တော်​တော်​အေးတာပဲ"

အပြင်မှာ​​အေးခဲသွားမတတ်​အေး​​နေမှုက အိမ်ထဲဝင်မှ​နွေးသွား​တော့သည်။​နှင်း​ရေ​တွေစိုသွားတဲ့ဖိနပ်ကို ဖိနပ်ချွတ်စင်ရဲ့​အောက်ဆုံးထပ်မှာ​သေချာကပ်ချွတ်ပြီး​တော့ ဒုတိယထပ်ကအိမ်စီးဖိနပ်အနက်လေးကိုထုတ်စီးလိုက်သည်။​သိုး​မွေးဦးထုပ်နဲ့အနွေးထည်ထူထူကြီးကိုချွတ်ပြီး ခုံ​​ပေါ်မှာလွှားတင်ပြီးတာနဲ့ ​အေပရွန်အဖြူရောင်ကိုဝတ်ဆင်လိုက်သည်။

ဝယ်လာတဲ့အိတ်ထဲက​ပေါင်မုန့်ထုပ်ကိုယူပြီး ​​ပေါင်မုန့်အတုံးကြီးကို ​ဘေးသား​တွေလှီး၍​​​​လေး​ထောင့်ပုံစံဖြစ်​အောင် လုပ်လိုက်သည်။ပြီးတာနဲ့အထဲက​ပေါင်မုန့်အသားကို နည်းနည်း​လောက်ဓါးနဲ့လှီးထုတ်ပြီး ပတ်ပတ်လည်ကို​​ထောပတ်​သုတ်၍မိုက်က​ရို​ဝေ့ဗ်ဖြင့် 2မိနစ်ခန့်အပူ​ပေးလိုက်သည်။ဒါမှ​ပေါင်မုန့်ကအိအိ​လေးနဲ့​ ထောပတ်အနံ့သင်းနေမှာ။​​​ပေါင်မုန့်ကိုအပူ​ပေး​နေတုန်း ​ရေခဲ​သေတ္တာထဲကစ​တော်ဘယ်ရီ​တွေကိုထုတ်၍ ​ဆေး​ကြောပြီးအတုံး​သေး​သေး​လေးဖြစ်အောင်လှီး၍ ဝယ်လာတဲ့ဒိန်ချဥ်နဲ့​ရော၍ကြိတ်စက်ဖြင့်ကြိတ်လိုက်သည်။​ပေါင်မုန့်ရတာနဲ့ ​ရောကျိတ်ထားတဲ့စ​တော်ဘယ်ရီဒိန်ချဥ်​တွေကို ဇွန်းဖြင့်ခပ်၍​အသားထုတ်ထားတဲ့ပေါင်မုန့်​ပေါ်ထည့်လိုက်ပြီး အ​ပေါ်က​နေစ​တော်ဘယ်ရီတစ်လုံးဖြင့်အလှဆင်ပြီးတာနဲ့ စ​တော်ဘယ်ရီဒိန်ချဥ်​ပေါင်မုန့်ရိုးရိုးရှင်းရှင်းဖြင့် ပြီးသွားပြီဖြစ်သည်။​​သောက်စရာအ​နေနဲ့က​တော့ နွားနို့ဖြင့်​ချောကလက်ကို​ရောကျိုထားသည်။

အချိုကဲတာမကြိုက်တဲ့ကာစတန်မာ​ကြောင့် ​​ချောကလက်အခါးကိုအသုံးပြုထားသည်။

Touch Your Heart(completed)Место, где живут истории. Откройте их для себя