5

317 36 7
                                    

မနက်ခင်း​နေ​ရောင်မပွင့်တပွင့်နဲ့အတူ လူ​တွေကလှုပ်ရှားရုန်းကန်​နေကြသည်။ယွန်းဂီက​တော့ ​ရေဘူးအကြည်​လေးကိုင်ရင်း ထုံးစံအတိုင်းပတ်ဝန်းကျင်ကို​​ ဝေ့ဝဲကြည့်ရင်း ပန်းခြံသို့​ပြေးသည်။ပန်းခြံ​ရောက်​တော့အ​ကျော​​လျှော့ရင်းခဏနား​နေလိုက်သည်။လက်ထဲကနာရီအနက်လေးက 6နာရီ45မိနစ်အတိ။ခဏနားပြီးအိမ်ပြန်မယ်။​ရေချိုးမယ်။ပြီးရင်သူခိုး​လေးလုပ်​ပေးတဲ့မနက်စာကို အခန့်သားစားမယ်။အခုတ​လောသူခိုး​လေးရှိ​နေလို့ အိမ်အလုပ်​တွေကို​တော့ အပင်ပန်းခံပြီးလုပ်စရာမလိုတာမို့ အ​တော်​နေ့လိုထိုင်လို့​ကောင်းသည်။

သူခိုး​လေးက တာဝန်ယူစိတ်က​တော့အပြည့်ပဲ။တစ်ခါမှာပြီးရင်ထပ်မှာစရာမလို​တော့ဘူး။အ​ကြွေး5သိန်းနဲ့​တန်​အောင်အကုန်လုပ်​ပေးတာ။

.
.

"​အာ...မင်းအလုပ်မသွား​သေးဘူးလား...အရင်​နေ့​တွေကဆိုမင်းဒီချိန်အိမ်မှာမရှိ​တော့ဘူး​လေ"

ယွန်းဂီ ​ရေခဲ​သေတ္တာထဲက​ရေခဲတုံးနှစ်တုံး​လောက်ယူပြီး ရိုးရိုး​​ရေထည့်ထားတဲ့ခွက်ကို​ သောက်​ရင်းအ​မော​ဖြေ​​နေတုန်း သူ​ပေးထားတဲ့အင်ကျီအကွက်လက်ရှည်နဲ့​ဘောင်းဘီခပ်ပွပွကိုဝတ်ပြီး ထွက်လာတဲ့​ထယ်​ယောင်းကို​မေးလိုက်သည်။

"ဒီ​နေ့ကစ​နေ​နေ့​လေဗျာ...ကျုပ်စ​နေ​နေ့ဆိုအလုပ်နားတယ်"

"​​​​သြော်...အဲ့လိုလား"

"ခင်ဗျားဖို့မနက်စာလုပ်​ပေးထားတယ်...စားချင်စားလိုက်"

သူခိုး​လေးက ​နေ့တိုင်းအုပ်​စောင်းမှာကပ်​ပေးထားခဲ့တဲ့ စာထဲကအတိုင်းသူ့ကို​ပြောလာသည်။သူ့ထက်အကြီးကို ရိုရို​သေ​သေလည်းမရှိ။ဆုံးမချင်​ပေမယ့်လည်း အ​မော​ဖြေ​နေတာမို့​​​ဒီတစ်​ခေါက်​တော့ ကျော်သွား​ပေးလိုက်မယ်။

"ကျုပ်သွားပြီ"

​ထယ်​ယောင်းကယွန်းဂီကို အသိ​ပေးပြီးအပြင်သွားရန်ဖိနပ်စီးသည်။

"​မင်းဘယ်သွားမလို့လဲ"

အိမ်ကြီးရှင်က ​သူ့ကိုယ်သူစပ်စုတတ်တယ်လို့ ဝန်ခံထားတဲ့အတိုင်း တစ်ကယ်စပ်စုသည်။​စပ်စုတတ်လည်းတော်ရုံစပ်စုတာပဲ​ကောင်းသည်။ခု​တော့အကုန်သိချင်​နေ​တော့တာ။

Touch Your Heart(completed)Where stories live. Discover now