7

271 31 4
                                    

"ကင်မ်ထယ်​ယောင်းအုပ်ထိန်းသူ...မင်ယွန်းဂီဆိုတာငါပဲ...​ထယ်​ယောင်းရော"

ဆိုင်ထဲဝင်ဝင်ချင်း​​ဒေါနဲ့​မောနဲ့​ပြောလာတဲ့ယွန်းဂီက ​
​ချွေးတရွှဲရွှဲဖြစ်​နေသည်။ဆိုင်ထဲကစားသုံးသူ​တွေကို ဂရုမစိုက်စွာ​အော်​ငေါက်​ပြောတာက ​ကျောင်းဆရာဆိုတဲ့​လေသံအတိုင်းပင်။

"သူ​​ဌေးကရုံးခန်းထဲမှာပါ...လိုက်ခဲ့ပါ"

ဝန်ထမ်း​ကောင်​လေးတစ်​​ယောက်က ကုပ်ကုပ်နဲ့အနားသို့ကပ်၍​ပြောလာ​တော့ လမ်းပြဆိုတဲ့သ​ဘောဖြင့်​မေးဆတ်ပြလိုက်သည်။

ဝန်ထမ်း​ကောင်​လေး​နောက်​လိုက်လာ​​တော့ ရုံးခန်းဆို​တဲ့အခန်းကျဥ်းကို​ရောက်လာသည်။အခန်းထဲ​​ရောက်​တော့ ​လက်​လေးပိုက်ကာ ​ခေါင်းငုံ့​နေတဲ့သူခိုး​လေးကို​တွေ့ရသည်။
သနားဖို့​ကောင်းတဲ့ပုံစံ​လေး​ကြောင့် ​ဒေါသကပိုထွက်လာသည်။

"​ထယ်​ယောင်း"

သူ​​ခေါ်​တော့​မော့ကြည့်လာတဲ့ သူခိုး​လေးရဲ့မျက်လုံးလေးတွေမှာ အားငယ်မှု​တွေအထင်းသား။

"အုပ်ထိန်းသူဆိုတာလား"

"ဟုတ်တယ်"

တရုတ်လူမျိုးပုံစံ​ပေါက်တဲ့ဗိုက်ရွှဲရွှဲနဲ့လူက သွားဝါဝါ​တွေကိုသွားကြားထိုးတံနဲ့ထိုးပြီး​မေးလာ​တော့ မျက်နှာထားကိုတင်းလိုက်ပြီး ဘုဆတ်ဆတ်သာ​ဖြေလိုက်သည်။

"အုပ်ထိန်းသူဆို​တော့လိုရင်းပဲ​ပြောမယ်...​နေ့လည်ကငါ့အခန်းထဲကပိုက်ဆံ​ပျောက်သွားတယ်...သူကလွဲပြီးကျန်တဲ့ဝန်ထမ်း​တွေက ငါ့ဆိုင်မှာလုပ်တာကြာလှပြီ...တစ်ခါမှခုလိုမဖြစ်ဖူးဘူး...အဲ့​တော့ခိုးမယ့်သူကဒီကောင်​လေးပဲရှိတယ်"

ယွန်းဂီ မျက်ခုံး​တေ့ကိုထိလုမတတ်ကျုံ့ရင်း ဆိုင်ရှင်​ပြောသမျှကိုနား​ထောင်​နေလိုက်သည်။​​ပြောစမ်း...​ပြောလို့ပြီးတာနဲ့ တရားစွဲပစ်မှာ။သူ့သူခိုး​လေးကခိုးမှာမဟုတ်ဘူးဆိုတာ သူ​ကောင်း​ကောင်းသိတာ​ပေါ့။ခိုးချင်ရင် သူ့အိမ်ကပစ္စည်း​တွေ​ပြောင်​နေပြီ။

"ခင်ဗျားမှာသက်​သေရှိလား"

သူပြန်​မေး​တော့ ထိုဗိုက်ရွှဲ​ရွှဲဆိုင်ပိုင်ရှင်က ​ထယ်​ယောင်းကိုလက်ညှိုးထိုးပြပြီး

Touch Your Heart(completed)Where stories live. Discover now