11

347 35 8
                                    

"​ဂျယ်ယောင်း...နင့်သားသတင်းကြားပြီးပြီလား"

နွား​ခြံကိုသန့်ရှင်းရေးလုပ်​နေတုန်း ရွာထဲကစပ်စုစိန်သူငယ်ချင်းမဟယ်ဆွန်း​ရောက်လာတာ​ကြောင့် သက်ပျင်းချမိသည်။သားအ​ကြောင်းကိုအမြဲစုံစမ်း​နေတာမို့ အကုန်သိ​နေ​သော်လည်းမသိချင်​ယောင်​ဆောင်ပြီး နား​ထောင်ရဦးမည်။

"နင့်သားက​​...ကျောင်း​ပြောင်းလက်မှတ်ယူသွားတယ်တဲ့...နင်လိုက်​ခေါ်သင့်​နေပြီ​နော်"

"တားမရလို့ထွက်သွားတာပဲ...ပြန်ချင်ရင်ပြန်လာမှာ​ပေါ့"

"နင်တို့သားအဖနှစ်​ယောက်ကလည်းဟယ်...​ပြေးကြည့်မှနှစ်​ယောက်တည်းရှိတာကို...ဒါနဲ့​​ထယ်​ယောင်းအ​မေဟေဆိုးက​ရော ​ထယ်​ယောင်းကို​ခေါ်......"

​​​ဟေးဆိုးနာမည်ကြားတာနဲ့​ ​ဂျယ်ယောင်းမျက်နှာကပျက်ခနဲ။ထိန်းမရတဲ့ပါးစပ်က​ပြောထွက်ပြီးခါမှ မနည်းပြန်ပိတ်ရ​တော့သည်။ငါ့ပါးစပ်ကလည်း​လေ အမှတ်ကိုမရှိတာ။

"အာ...ငါ​မေ့​နေတာသူငယ်ချင်း​ရေ...ဒီ​နေ့စ​တော်ဘယ်ရီနှစ်ခင်းယူမယ်​​ပြောထားတာ...ပြန်ပြီ​နော်"

စပ်စုစိန်အ​ဒေါ်ကြီးဟယ်ဆွန်းမှာ ​ပြောမိ​ပြောရာ​ပြောခဲ့ပြီး မြန်မြန်ပြန်​လာခဲ့ရသည်။​နောက်မို့ဆို သူမသူငယ်ချင်း​ဂျယ်​ယောင်းက နွား​ချေးကျုံး​နေတဲ့​​ပေါက်ပြားနဲ့ လိုက်ရိုက်တော့မှာ။

ဥစ္စာ​ပေါ ရုပ်​​ချောသူ့သူငယ်ချင်းကင်မ်ဂျယ်​ယောင်းကို သားတစ်​​ယောက်နဲ့ထားသွားတဲ့ ဟို​ကောင်မရှင်း​ဟေဆိုးကိုလည်း နားမလည်နိုင်ဘူး။ငယ်ငယ်ကငါလိုက်ပိုးတုန်းကသာ ဒင်းမူမ​နေရင် ခုလိုဖြစ်မှာမဟုတ်ဘူး။ခု​တော့ ရွာ​ကျော်ပြီးမြို့သူနဲ့ယူတာ ခံ​ပေါ့။မသနားဘူး။

.
.

"သား​ရေ!!!...ထ​တော့​လေ!!!"

​လော်စပီကာဆယ်လုံး​လောက်ကို အလုံးလိုက်မျိုချထားသလိုအသံပြဲကြီးဖြင့်​နှိုးတဲ့အ​မေ​ကြောင့် ယွန်းဂီရော​ထယ်​ယောင်းပါလန့်နိုးသွား​တော့သည်။

နှစ်​ယောက်သားအိပ်ချင်မူးတူးဖြင့် တစ်​ယောက်မျက်နှာတစ်​ယောက်ကြည့်မိ​တော့ ပူးကပ်​နေတဲ့ခန္ဓါကိုယ်​တွေနဲ့အချင်းချင်းဖက်တွယ်ထားတဲ့လက်​တွေ​ကြောင့် မျက်လုံး​တွေပြူးသွားရ​တော့သည်။

Touch Your Heart(completed)Where stories live. Discover now