17

304 28 0
                                    

"​​ဂွမ်​​ယောင်းရေ!!"

မနက်​​ဝေလီ​ဝေလင်းနေ​ရောင်မကွဲခင်မှာ အိမ်​ရှေ့က​နေ​တဆာဆာ​အော်​ခေါ်​နေတဲ့သူငယ်ချင်းမဟယ်ဆွန်း​ကြောင့် သက်ပျင်းချပြီးထွက်လာခဲ့ရသည်။ရွာ​သား​တွေမို့ မနက်5နာရီဆိုတာနဲ့ မျက်လုံး​တွေကအကျင့်ပါပြီးနိုး​နေပြီဖြစ်၏။သား​တော်​မောင်နဲ့ သားမက်​လေးက​တော့မနိုး​သေး။

"ဘာလို့​အော်​နေတာလဲ...ခြံထဲဝင်လာလည်းရတာကို"

"​အို...နင့်အိမ်မှာဧည့်သည်​ရောက်​နေတယ်ဆို...ငါကဝင်ချင်တိုင်းဝင်လာလို့ရမလား"

ပါးစပ်ကသာ​ပြော​နေ​ပေမယ့် မျက်လုံး​တွေကအိမ်မကြီးကိုလှမ်းကြည့်​နေတဲ့သူငယ်ချင်းမ​ကြောင့် သက်ပျင်း​မောချရင်း​ခေါင်းခါမိလိုက်သည်။​ထယ်​ယောင်းက သား​လေးယွန်းဂီကို​ခေါ်လာတာ ခု​လောက်ဆိုတစ်ရွာလုံးသိ​လောက်​ရော​ပေါ့။ဒါကို​မိုးစင်စင်လင်းတာ​တောင်မ​စောင့်...ခုချိန်ကြီးလာစပ်စုတာ​တော့လွန်လွန်းတယ်။

"လိုရင်းကိုပဲ​ပြောစမ်းပါ ဟယ်ဆွန်းရယ်"

​ပြော​​တော့မှ မချိုမချဥ်ကြည့်ရဆိုးတဲ့မျက်နှာ​ပေးနဲ့

"နင့်သားကမြို့က​နေ...ခပ်​ချော​ချော​​ကောင်လေး​ခေါ်လာတယ်ဆို...အဲ့ဒါ​ကြောင့်ငါတို့ရွာက..ဧည့်သည်​လေးကိုကြိုဆိုပွဲလုပ်​ပေးမလို့"

"ဟဲ့!...ဘာဆိုင်လို့ကြိုဆိုပွဲလုပ်မှာလဲ"

"ဆိုင်တာ​ပေါ့...ငါတို့​ထယ်​ယောင်း​လေးကိုကူညီ​ပေးထားတာဆို...ငါတို့တစ်ရွာလုံးရဲ့​​ကျေးဇူးရှင်ပဲ​ပေါ့"

အပို​တွေ​ပြော​နေတဲ့ဟယ်ဆွန်း​ကြောင့် ​ခေါင်းခါပြလိုက်သည်။မဆိုင်တာ​တွေလုပ်ပြီး သားမက်​လေးကိုမျက်နှာမပူ​စေချင်ပါဘူး။

"ငါပဲ​ကျေးဇူးတင်လည်းဖြစ်တယ်...နင်တို့လုပ်​ပေးစရာမလိုပါဘူး"

ကင်မ်ဂွမ်​ယောင်း​ပြော​တော့ သူ့သူငယ်ချင်းမဟယ်ဆွန်းကမျက်နှာငယ်​လေးဖြင့်

"ငါကတစ်ရွာလုံးကို ပတ်​ပြောပြီးသွားပြီ...ခဏ​နေဟင်းပွဲ​တွေယူလာပြီး..နင့်အိမ်ကိုလာ​တော့မှာ"

Touch Your Heart(completed)Where stories live. Discover now