3

299 29 31
                                    

"ဒါငါ့အိမ်ပဲ"

ယွန်းဂီက သူ့ရဲ့တစ်ထပ်အိမ်အဖြူ​ရောင်​လေး​​ရှေ့​ရောက်​တော့​ထယ်​ယောင်းဘက်ကိုမျက်နှာမူပြီး​ပြောသည်။

"ကျုပ်သိသားပဲ...ဒီအိမ်​ရှေ့မှာပဲခင်ဗျားရဲ့မုန့်ထုပ်ကိုယူသွားတာ​​လေ"

ဟုတ်သားပဲ...သူခိုး​လေးကသူ့အိမ်​​​ရှေ့မှာပဲသူ့မုန့်​တွေကိုခိုးပြီး​လမ်းကြားထဲ​ပြေးဝင်သွားတာ​​လေ။​ဒါနဲ့​နေပါဦး...ယူသွားတာမှမဟုတ်တာ...သူ​က​'​​ရော့အင့်ယူပါ' ဆိုပြီး​ပေးလိုက်တာမှမဟုတ်ပဲ...ဒင်းကခိုးသွားတာ​လေ။

"ယူသွားတာမဟုတ်ဘူး...မင်းခိုးသွားတာ​​​လေ"

ယွန်းဂီက ​​ထယ်​ယောင်းစကားကိုပြန်ပြင်​ပေး​တော့​ထယ်​ယောင်းမျက်နှာ​လေးကမဲ့ခနဲ။

"ကျုပ်..ကျုပ်လည်းမတတ်သာလို့လုပ်ခဲ့ရတာ"

"ခိုးတာကခိုးတာပဲ...သူခိုး​လေး"

"ကျုပ်မှာနာမည်ရှိတယ်လို့...ကင်မ်ထယ်..."

"​နောက်ကလိုက်ခဲ့"

​ထယ်​ယောင်းစကား​တောင်မဆုံး​သေး...ယွန်းဂီကကြားဖြတ်​ပြောကာအိမ်ထဲဝင်သွားတာမို့​ထယ်​ယောင်းလည်းယွန်းဂီ​နောက်လိုက်ရ​တော့သည်။

ခြံဝန်း​လေးနဲ့သပ်သပ်ရပ်ရပ်ရှိ​သော လုံးချင်းအိမ်​အဖြူလေးကအထဲမှာလည်း အဖြူ​​​​ရောင်သာ​ဆေးသုတ်ထားပြီးအသုံးအ​​ဆောင်ပရိ​ဘောဂ​တွေကလည်းအဖြူ​​ရောင်တွေအ​တော်များ၏။ဒီလူကအဖြူကိုအ​​တော်ကြိုက်တဲ့ပုံ။တစ်​အိမ်လုံးသန့်ပြန့်​နေတာက​တော့ပိုင်ရှင်အတိုင်းပင်။သူ့​ခြေ​ထောက်​တွေကိုပြန်ငုံ့ကြည့်​တော့ညစ်ပတ်​နေတာမို့ အိမ်ထဲဝင်ဖို့ကို​တောင်တွန့်ဆုတ်မိသွားသည်။

"ဝင်လာ​လေ...ဘာလုပ်​နေတာလဲ"

ယွန်းဂီခုထိအိမ်ထဲမဝင်လာပဲ အ​ပေါက်ဝက​နေမျက်လုံးပြူးပြူး​လေးနဲ့​​လိုက်ကြည့်​နေတဲ့​ထယ်​​ယောင်းကို​​ငေါက်လိုက်သည်။

"ကျုပ်​ခြေ​ထောက်​တွေညစ်ပတ်​နေလို့...အဲ့ဒါ...ဝင်လာရင်ညစ်ပတ်ကုန်မှာစိုးလို့"

သူခိုး​လေးကအားနာသလို​ပြောလာ​တော့လည်း သူစိတ်မ​ကောင်းပြန်။​နေဦး...ငါကသူများဖို့​တွေး​ပေး​နေတာလား?
အို...ငါ့ညီ​လောက်အရွယ်​လေးဆို​တော့လည်းသနား​စရာ​လေး​လေ...တွေး​ပေးရမှာ​ပေါ့။ငါကစိတ်သ​ဘောထားပြည့်ဝတဲ့မင်ယွန်းဂီပါ။

Touch Your Heart(completed)Where stories live. Discover now