"ရွှိုက်​ကော..ဒီတစ်​ယောက်က မင်း​ကောင်မ​လေးလား..အ​တော်​လေးလှတယ်​နော်.."

စန်းရန်က တစ်လှမ်းကြည့်လိုက်ပြီး တစ်လုံးချင်းစီစကားဆိုလိုက်၏။

"မင်း ​​သောက်ကြောင်းလား"

စန်းရန်၏တုန့်ပြန်မှု​ကြောင့် ကျားပုံစံတက်တူးထိုးထားသည့်ထိုလူက ချက်ချင်းဆိုသလို​ရှေ့သို့တစ်လှမ်းတိုးလာကာ စန်းရန်၏ပုခုံးကိုတွန်းလိုက်၍

"မင်းက ဒါဘာအချိုးချိုးတာလဲ..ငါက ငါ့​သောက်​ကြောင်းပါလို့​ပြောရင်​ရော..စကား​ကို​ကောင်းကောင်း​ပြောလို့မရဘူး​ပေါ့​​လေ ဟမ်?"

စန်းရန်က ထိုလူ၏လက်​မောင်းကို ချက်ချင်း​ဆွဲဖမ်းလိုက်ပြီး တင်းထားသည့်လက်သီးဆုတ်က ညစ်ပတ်သည့်အရာတစ်ခုကိုထိုးချပစ်လိုက်သည့်အလား တတ်နိုင်သမျှလွှင့်သထက်လွှင့်ထွက်သွား​အောင် ထိုးလိုက်​​တော့သည်။

သူ့မျက်ဝန်းများထဲတွင် အ​နွေးဓါတ်ဟူ၍မရှိ ၊ သူ့အသံစတို့ကလည်း ​ယောက်ယတ်ခတ်​နေခြင်းမျိုးလုံးဝမရှိပါဘဲ

"သွားမှာလား မသွား​သေးဘူးလား?"

"ဖြစ်တယ်​လေ..ငါကလည်း ကျိုးသင့်​ကြောင်းသင့်​​ မရှိတဲ့သူမျိုးမဟု​တ်ပါဘူး"

ကျားပုံစံတက်တူးထိုးထားသည့်လူက ​နောက်ဆုတ်​ပေးမည့်သ​ဘောကို​ဆောင်ကာ ဝိန်းရိဖန်ရှိ​နေသည့်ကားထဲသို့ လက်ညှိုးထိုးလိုက်၍

"မင်းကား​ပေါ်က ဟို​သောက်​ကောင်မကို ဆင်းလာပြီး​ မ​ကောင်းတဲ့ဟာမ​တွေလိုပုံစံမျိုးနဲ့ ငါ့ကို လာတောင်းပန်ခိုင်း..."

စန်းရန်တစ်​ယောက် သူ့အ​ကြောအချဥ်များကိုလာထိပါး​နေသလိုပင်ခံစားမိလိုက်ရပြီး သတိ​ပေးခြင်းလုံးဝမရှိဘဲ ရုတ်တရက်ဆန်ဆန် ထိုလူ၏ဗိုက်အား ကန်​ကျောက်ပစ်လိုက်၏။

ဤတစ်ကြိမ်တွင် သူ့ခွန်အားကို ဆယ်ပုံရှိလျှင် ဆယ်ပုံလုံး သုံးပြီးကန်ပစ်လိုက်သည့်အတွက် ကားထဲတွင်ရှိ​နေသည့် ဝိန်းရိဖန်သည်ပင် အသံကျယ်ကြီးတစ်ချက်ကို ကြားလိုက်ရသည်။

ကျားပုံစံတက်တူးထိုးထားသည့်သူ၏စကားများဟာ ကြားဖြတ်​နှောက်ယှက်ခံလိုက်ရပြီး လူတစ်​ယောက်လုံးကလည်း အ​နောက်သို့ သုံး​လေးလှမ်းပင်ဆုတ်သွားခဲ့ကာ ခါး​ရောဗိုက်ကပါ ​ကွေးညွှတ်သွားခဲ့၍ ပါးစပ်မှ​နေပြီးဆဲ​ရေးသည့်စကားလုံးများက ခက်ခက်ခဲခဲထွက်ကျလာ​တော့သည်။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now