Arc 4🗡5🗡သတ်ဖြတ်ပြီ

Start from the beginning
                                    

"ဟုတ်​ကဲ့ပါ သခင်​လေး!"

အကန်ခံလိုက်ရသော သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၆ နောက်လိုက်သည် သည်းမခံနိုင်တော့ဘဲ ရှေ့သို့ ခြေတစ်လှမ်းတိုး၍ ဆိုလိုက်သည်။

"အပြစ်ပြုမိပါပြီ!"

လက်ဖဝါးကို ဆန့်လျက် ချန်စစ်ယန်ဆီသို့ ပြေးဝင်လာခဲ့သည်။

နှစ်ဘက်ကြားရှိ အကွာအဝေးသည် အလွန်နီးကပ်နေ၏။ ရှီးမန်ကျွင့်ရဲ့ အစောင့်က သူ့လက်ဖဝါးကို ရိုက်ချလိုက်သလိုပင် ပြင်းထန်သော စွမ်းအင်များ ပေါက်ကွဲထွက်လာ၍ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၂ရှိ ဟန်ရွှယ်နဲ့ တခြားလူတွေ အလျင်အမြန် နောက်ဆုတ်နေရသည်။

ဒီလူ တိုက်ခိုက်တာကို မြင်လိုက်ရတော့ လုရွှမ်ဟာ ချန်စစ်ယန် ခံနိုင်ရည်ရှိမှာ မဟုတ်မှန်း သိတာကြောင် မျက်မှောင်ကြုတ်ပြီး ခန္ဓာကိုယ်ကို မလှုပ်မရှားဘဲ လက်​ချောင်းကိုသာ ဆန့်ကာ ထိုနောက်လိုက်အား တားဆီးထားလိုက်သည်။

ဗုန်း!

ကျယ်လောင်သော ဆူညံသံတစ်ခု ထွက်ပေါ်လာပြီး လက်ချောင်းနှင့် လက်ဖဝါး စွမ်းအင်တို့ တိုက်မိသွားကာ မြေပြင် တုန်ခါသွားပြီး တိုက်ပွဲပတ်ဝန်းကျင်လည်း ရှုပ်ပွသွားသည်။

ကံကောင်း ထောက်မစွာနဲ့ ကြမ်းပြင်ပေါ်မှာ အဆောက်အအုံကို အားဖြည့်ထားတဲ့ အခင်းအကျင်း ရှိနေတာကြောင့် မဟုတ်ပါက ဤအဆောက်အအုံသည် အလွယ်တကူ ပြိုကျသွားနိုင်သည်။

ဖူး!

ရှီးမန်ကျွင့်၏ အစောင့်သည် ပါးစပ်မှ သွေးတစ်လုတ် အန်ရင်း အထပ်ထပ် ဆုတ်သွားသည်။ တစ်ဖက်လူရဲ့ လက်တစ်ချောင်းတည်းက သူရဲ့ အတွင်းအင်္ဂါတွေကို ကွဲအက်သွားစေပြီး ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွား၏။

"သေစမ်း!"

ဒဏ်ရာရပြီးနောက် လုရွှမ်ရဲ့ ကျင့်ကြံမှုအဆင့်က သေမျိုး အသွင်ပြောင်းခြင်း နယ်ပယ် အဆင့် ၅မှာပဲ ရှိသေးတာကို မြင်လိုက်ရသည်။ ထိုအခါ ထိုလူသည် အရူးမူး ဟိန်းဟောက်ကာ နောက်တဖန် ပြေးထွက်သွားတာကို တွေ့လိုက်ရသည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now