Arc 3🗡223🗡ပျံသန်းသွားခြင်း

Comincia dall'inizio
                                    

"ငါနဲ့ လာမရှုပ်သရွေ့ စိတ်မ၀င်စားဘူး!"

သူသည် စိတ်ရှိတိုင်း သတ်နေသည့် လူသတ်သမား မဟုတ်ချေ။ နန်ဟိုင် တော်ဝင်အင်ပါယာက ယင်းယန်ကျောင်းတော်သာ သူ့ကို အနှောင့်အယှက် မပေးတော့ပါက ထိုနေရာကို သွားရန်ပင် စိတ်ဝင်စားမည် မဟုတ်ချေ။

"ကျေးဇူးတင်ပါတယ်!"

သူ့ထဲမှ ကတိစကားကို ကြားတော့ ဟောင်ယန် ကျေနပ်စွာ ခေါင်းညိတ်လိုက်ကာ မျက်လုံးမှိတ်လျက် သေခြင်းတရားကို စောင့်ဆိုင်းနေလေသည်။

ဗုန်း!

ပူဖောင်းက ပေါက်ကွဲသွားပြီး တခြားသူတွေလိုပဲ အမှုန့်ဖြစ်သွားလေသည်။

အရင်ဘဝက သူသည် ကမ္ဘာ၏ ထိပ်ဆုံးသို့ တက်လှမ်းနိုင်ခဲ့သောကြောင့် သဘာဝအားဖြင့် စိတ်ပျော့သောလူ မဟုတ်ပေ။ တစ်ဖက်လူသည် သူ့ကိုသတ်ရန် မိုင်ထောင်ချီ ခရီးထွက်လာဖို့အထိ ရွေးချယ်ခဲ့ခြင်းကြောင့် သေဖို့သာ ပြင်ဆင်​ပေးရပေမည်။

"လုရွှမ်... ဒါ ငါတို့ ရှောင်းမိသားစုရဲ့ အမှားပါ... ကျေးဇူးပြုပြီး ငါတို့ကို အမှားပြင်ဆင်ဖို့ အခွင့်အရေးပေးပါ"

လူငယ်ကို လှမ်းကြည့်ရင်း ရှောင်းယွမ်ထျန်းက အလန့်တကြားနဲ့ အော်လိုက်သည်။

"အမှား? စိတ်မကောင်းပါဘူး ဒီကမ္ဘာကြီးမှာ အမှားမရှိဘူး...  အသက်ရှင်​ခြင်းနဲ့ သေခြင်းပဲရှိတယ်။ ငါသာ မပြင်ဆင်ထားဘူး ဆိုရင် အခုဆို ငါမင်းတို့ ရှောင်းမိသားစုရဲ့ တစ္ဆေ ဖြစ်လာမှာတောင် ကြောက်ရတယ်!"

တစ်ဖက်လူ၏ အသနားခံခြင်းကို လျစ်လျူရှုလိုက်ကာ။

"စိတ်မပူပါနဲ့... မင်းသေပြီးရင် ရှောင်းမိသားစုကို မင်းနဲ့အတူ ဖျက်ဆီးပစ်လိုက်မယ်!"

လက်ဖဝါးကို လှုပ်ယမ်းလိုက်သည်။

ဗုန်း!

ရှောင်းယွမ်ထျန်းလည်း ပေါက်ကွဲသွားသည်။

နန်ဟိုင် တော်ဝင်အင်ပါယာနှင့် ယင်းယန်ကျောင်းတော်ကို သူလွှတ်ပေးနိုင်သည်။ နောက်ဆုံးမှာ သူတို့က ကျောင်းသားတွေ ဖြစ်ပြီး တော်တော်များများက သူ့ကိုမသိကြပေ။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Dove le storie prendono vita. Scoprilo ora