Arc 3🗡220🗡အရှက်မရှိကြသူများ

Start from the beginning
                                    

ကျေးဇူးပြုပြီး အကြီးအကဲ ထွက်လှုပ်ရှားပေးဖို့ တောင်းဆိုပါတယ်!"

"ငါလှုပ်ရှားရမယ်? သခင်လေး မသွားခင်က ပြောခဲ့တာကို မင်းမေ့သွားပြီလား"

မော့ကောင်းရွှမ်းမှာ သက်ပြင်း အသာခါချရင်း ခေါင်းခါယမ်းလိုက်သည်။

သခင်​​လေးသည် သူတို့အား လုံးဝ ပါဝင်ခွင့် မပြုခဲ့ပေ။ သူတို့သည် စိုးရိမ်သောကများနှင့် တိုက်ပွဲကို စောင့်ကြည့်ရန် လာခဲ့ကြသူများ ဖြစ်သည်။ သူတို့ကိုသာ သခင်လေး တွေ့သွားပါက သေချာပေါက် အရိုက်ခံရမည် ဖြစ်သည်။

"ဒါပေမဲ့..."

မုယန်ဖုန်းနှင့် ဟန်ရောင်တို့မှာ အနည်းငယ် စိုးရိမ်နေမိဆဲပင်။

"စိတ်မပူပါနဲ့... ငါ သခင်လေးနဲ့ တွေ့တာမ​ကြာ​သေးပေမယ့် သူက မဆင်မခြင် လုပ်တတ်တဲ့ လူမဟုတ်ဘူး ဆိုတာ သိတယ်.... တစ်ဖက်ဖက်က လှုပ်ရှားဖို့ မျှော်လင့်ထားတယ် ဆိုကတည်းက သူ့မှာ ယုံကြည်မှု အပြည့်ရှိရမယ်!"

မော့ကောင်းရွှမ်းသည် လူငယ်၏ တည်ငြိမ်သော မျက်နှာကို မြင်ယောင်ကြည့်ရင်း သူ့နှလုံးသားထဲတွင် နက်နဲသော ခံစားချက်ကို ခံစားလိုက်ရသည်။

ကြီးကျယ်ခမ်းနားတဲ့ အဆင့်၉ ကျင့်ကြံသူဖြစ်တဲ့ သူတောင်မှ ကြောက်လန့်နေရတာ။ သခင်လေးမှာ ဝှက်ဖဲ မရှိဘူးလို့ ပြောရင်တော့ အသေသတ်ရင်တောင် ယုံမှာ မဟုတ်​တော့ဘူး။

"သခင်​လေးကိုပဲ ယုံကြည်ထားရတော့မယ်!"

သခင်​လေး၏ အဆုံးမဲ့ လှည့်ကွက်များကို တွေးတောရင်း မုယန်ဖုန်းသည် သူ၏ယုံကြည်မှုကို ပြန်လည်ရရှိသွားခဲ့သည်။

ချိုင့်ဝှမ်းထဲမှာ ပိတ်မိနေတဲ့ အချိန်တုန်းကတောင် သခင်​လေးဟာ သေချာပေါက် သေလိမ့်မယ်လို့ လူတိုင်းက ထင်ခဲ့ကြပေမယ့် ဒဏ်ရာလုံးဝမရဘဲ သူ့ကို လိုက်ဖမ်းတဲ့သူတွေသာ သုတ်သင်ရှင်းလင်း ပစ်သွားခဲ့သည်။

တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းခဲ့၏။

"ကျောင်းအုပ်ချူက ဘယ်လိုလုပ် ဒီကိုရောက်ချလာတာလဲ? ပြီးတော့ ဘုရင်မင်းမြတ် ချန်ရှုံရောပဲ!"

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now