အခန်း ၆၉၆ ဖြေရှင်းပြီး

Start from the beginning
                                    

“အစ်ကိုကြီး ညီလေးယူရော” ဝေ့ပိုင် အပြင်ကို ထွက်လာသည်နှင့် ပထမဆုံး မေးလိုက်သည်က ယူရှောင်းမို အကြောင်းပင်။ သူကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်စကား ပြောချင်လှသည်။

ကျို့ယန်က ပြောရမလို မပြောရမလို ဖြစ်နေတာကို ဝေ့ပိုင်က သတိမထားမိပေ။ “လွန်ခဲ့တဲ့ ကိုးရက်က လွင်ပြင်ကျယ်ကြီးက တိုက်ပွဲပြီးကတည်းက သူနဲ့ လင်းရှောင်နဲ့ သူတို့ အခန်းကို ပြန်သွားတာပဲ အဲဒိထဲက သူတို့နှစ်ယောက်စလုံး ပြန်ထွက်မလာသေးဘူး။ ညီလေးရှုန်း တံခါးသွားခေါက်တော့လည်း ပြန်ဖြေမည့် သူ မရှိဘူး”

ကျို့ယန်မျက်လုံးထဲက စိုးရိမ်မှုက အတိုင်းသားပင်။ လင်းရှောင် ဒါဏ်ရာ ရသွားတာကို သူသိလိုက်တာမို့ သူတို့ နှစ်ယောက် မထွက်လာသေးသည်က ထိုဒါဏ်ရာနှင့်ဆိုင်ပေလိမ့်မည်။

“တစ်ခုခု ဖြစ်သွားသေးလို့လား” ဝေ့ပိုင် နားမလည်ပေ။ အခုမှ အပြင်ထွက်လာသူမို့ လွင်ပြင်ကျယ်ကြီးက တိုက်ပွဲကို သူ လုံးလုံးမသိလိုက်ပေ။

ကျို့ယန်ကလည်း သူအကြာကြီး ဖုံးမထားနိုင်မှန်း သိသည့် အတွက်ကြောင့် သွေးစွေးနီမျိုးနွယ်စု၏ ကျူးကျော်မှုကို အစအဆုံး ပြောပြလိုက်ရတော့သည်။ အန္တရာယ်ကျလုနီးနီး ဖြစ်ရတာတော့ ထိန်ချန်ပြီးတော့ အကျဉ်းချုံးသာ ပြောပြလိုက်ရတော့တာပင်။

ကျို့ယန်က တည်တည်ငြိမ်ငြိမ် နှင့် ပြောနေပေမယ့် ဒီကိစ္စက အရမ်းကို အန္တရာယ်များမယ်မှန်းတော့ ဝေ့ပိုင် သိလိုက်သည်။ ကြယ်ခုနစ်ပွင့်နှင့် ကြယ်ခြောက်ပွင့်အကြားက ကွာခြားမှုမှာ ကြီးမားလှပေသည်။ တိုက်ပွဲအတွင်းတွင် ယူကျန်ထျန်း သေသွားသည် ဆိုပါက လင်းရှောင်သည်လည်း ဒါဏ်ရာပြင်းထန်စွာ ရသွားမှာ အသေအချာပင်။

ဒီလောက်အထိ တွေးမိလိုက်သည့် အခါမှာတော့ ဝေ့ပိုင် ချက်ချင်းကို သူတို့ကို သွားရှာချင်တော့သည်။

သို့သော်လည်း ဖုချန်ချုံးက သူ့ကို ချက်ချင်းလက်လှမ်းဆွဲလိုက်ရသည်။ “ရှောင်ပိုင်၊ မင်းအခုသွားလဲ အလကားပဲလေ။ သူတို့တွေ ဒါဏ်ရာကုနေတုန်း ဖြစ်နေမှာ။ တစ်ခုခုသာ ဖြစ်ရင် သူတို့ ပြောပြီးလှပြီပေါ့။ သိပ်လဲ စိတ်မပူပါနဲ့လေ။ သူတို့ အဆင်ပြေမှာပါ”

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now