အခန်း ၆၉၆ ဖြေရှင်းပြီး

Start from the beginning
                                    

သို့သော်လည်း သွေးစွေးနီမျိုးနွယ်စုနှင့် ထိပ်တိုက်တွေ့သွားသူမှာ ချန်မဟာမိတ် ဖြစ်နေသည့် အတွက် ဘယ်သူကပဲ ဘယ်လို သဘောရှိရှိ ချန်မဟာမိတ်၏ သဘောထားကိုတော့ ထည့်သွင်းစဉ်းစားရပေမည်။ မဟုတ်ပါက ဖွတ်မရ ဓါးဆုံးရမည့် အပြင် ဂုဏ်သိက္ခာကပါ ညှိုးနွမ်းပေလိမ့်မည်။

လ၀က်အကြာတွင် ဖုချန်ရှုန်းနှင့် ဝေ့ပိုင်တို့ နှစ်ယောက် တံခါးပိတ်ကျင့်ကြံရမှ ထွက်လာကြသည်။

သူတို့ နှစ်ယောက်ကို မြင်လိုက်ရသူတိုင်းကတော့ စိတ်အေးချမ်းသွားစေရသည်။ အထူးသဖြင့် ဝေ့ပိုင်က ပိုသိသာလှကာ သူ့အပြုံးမျက်နှာနှင့် ပါးချိုင့်နှစ်ဖက်က မြင်သူတိုင်းကို တုန်လှုပ်သွားစေနိုင်သည်။ သူတို့၏ အေးတိအေးစက် မတုန်မလှုပ်နှင့် ဆရာတူညီငယ်လေးက ပြုံးလိုက်လျှင် ပါးချိုင့်နှစ်ဖက် ပေါ်လာစေမှန်း ဘယ်သူမှ မသိခဲ့ကြပေ။ ဝေ့ပိုင်မှာ သာမာန်ပြုံးရွှင်မြူးတူးနေသော ကောင်လေး တစ်ယောက် အလား မျက်နှာမှာ ပန်းရောင်သန်းနေသည်မှ သူတို့ ညီငယ်လေးမှ ဟုတ်ပါလေစ?

ဒါကမှ တကယ့် ဝေ့ပိုင်အစစ်အမှန်ပဲ ဖြစ်သည်။

ချွီယန် သူ့ကို သစ္စာမဖောက်သွားခင်က ဝေ့ပိုင်မှာ ဒူချီထျန်၏ အချစ်ဆုံး တပည့် ဖြစ်လေသည်။ ဝေ့ပိုင်၏ အရည်အချင်းနှင့် နားလည်နိုင်စွမ်းများက ပထမအချက်ဆိုလျှင် သူ့ရဲ့ စိတ်နေစိတ်ထားကာ ဒုတိယ အကြောင်းပြချက်လို့ ဆိုနိုင်သည်။ သူက အကောင်းမြင်တတ်သလို သွက်လက် ချက်ချာပြီး အကောင်းမြင်တတ်သော လူငယ်လေး ဖြစ်လေသည်။ တောက်ရှင်းအကယ်ဒမီတွင် သူ၏ ကျော်ကြားမှုနှင့် ဂုဏ်သိက္ခာမှာ ချွီယန်ထက်ပင် သာနေသေးတာက ချွီယန်က သူ့ကို မနာလို ဖြစ်ရသည့် အကြောင်းအရင်းများစွာ ထဲက တစ်ခု အပါအ၀င် ဖြစ်လာလေသည်။

လတစ်ဝက်ခန့် တံခါးပိတ်ကျင့်ကြံအပြီးတွင် ဝေ့ပိုင် ဒါဏ်ရာများမှာ အပြည့်အ၀ ပျောက်ကင်းလို့သွားသည်။ သူ့ရဲ့ နဂို အဆင့်သို့ ပြန်ရောက်မသွားသေးသော်ငြားလည်း အနားယူပြီး ထပ်မံကျင့်ကြံလိုက်လျှင် ထိုအဆင့်သို့ ပြန်ေ၇ာက်ရန်တွက် သိပ်အချိန်မယူရတော့သလို ယခင်ကထက်ပင် ပို အင်အားကြီးလာလိမ့်မည်။

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now