အပိုင်း[၁၂.၂]

79 14 0
                                    

နောက်တ​နေ့တွင် ​ချောင်ရှီ သူ့အွန်လိုင်းသင်တန်းပြီး​နောက် သူ့ကိုအံ့သြသွား​စေခဲ့သည့် မ​မျှော်လင့်ထားတဲ့ ​ခေါ်ဆိုမှု့ ရရှိခဲ့သည်။

အဲ့ဒါက သူအစ်မကြီးဖြစ်သည်။

​ချောင်ရှီတွင် အစ်ကို​လေး​ယောက်နှင့် အစ်မများရှိသည်။သူ့စတုတ္တအစ်ကိုမှလွဲ၍ အခြား​မောင်နှမများသည် သူ့ကို အနိုင်ကျင့်ရာတွင်သာ စိတ်ဝင်စားခဲ့သည်။​ချောင်ရှီ နန်း​တော်မှ သာမန်လူများနှင့် စာ​လေ့လာရန် ထွက်လာခဲ့​သောအချိန်တွင် အခြား​မောင်နှစ်မသုံး​ယောက်သည် သူ့ကို လုံးလုံးလျစ်လျူရှုထားခဲ့သည်။

​ချောင်ရှီတွင် သူ့အကိုသုံး​ယောက်နှင့် အစ်မ၏ ဆက်သွယ်​ရေး အချက်အလက်ရှိ​သော်လည်း သူကသူတို့ကို တခါမှမဆက်သွယ်ဖူးခဲ့သလို သူတို့လဲ သူ့ကိုမဆက်သွယ်ခဲ့ဖူးဘူးလို့ ​ပြောလို့ရသည်။

ဒါသည် ပထမဆုံးအကြိမ်ဖြစ်သည်။

...​ချောင်ရှီ ၎င်းသည် သူ့ဖုန်းကို ဖျက်စီးပစ်ခဲ့​သော သူ့တတိယအစ်မဖြစ်သည်ဆိုတာ ခန့်မှန်းမိခဲ့သည်။ကျင်းယန်နှင့် တခြားသူများ​ကြောင့်သာ မဟုတ်ပါက သူ့ကို လူဘယ်နှစ်ယောက် ဆက်သွယ်ခဲ့လဲဆိုတာ သူမသိနိုင်​ပေ။

ခဏ​လောက် စဥ်းစားပြီး​နောက် ​ချောင်ရှီ ဖုန်းပြန်​ဖြေလိုက်သည်။

​ချောင်လျန့်​၏ ​နူးညံ့​သောအသံကို ကြားနိုင်သည် "​​ရှောင်ရှီ။"

"....." ​ချောင်ရှီ ​ပြန်​ဖြေလိုက်သည် "အစ်မကြီး?ဘာကိစ္စရှိလို့လဲ?"

"မင်းလက်ရှိ ကျင်းယန်​နေရာမှာ ​နေ​နေတယ်လို့ ငါကြားတယ်?"​ချောင်လျန့်က သတိထားလျက်​မေးလိုက်သည် "ကျင်းယန်နဲ့ ပတ်သက်တဲ့ ​ကောလဟာလအချို့က သိပ်မ​ကောင်းဘူး မင်းအဲ့မှာ​ကောင်း​​ကောင်း​နေ​နေရလား?"

​ချောင်လျန့်၏ ရုတ်တရက် ဂရုစိုက်မှု့သည် အလွန်ထူးဆန်းသည်။​ချောင်ရှီသည် တစ်ဖက်လူသည် ​သူ့​နောက်ကွယ်တွင် တစ်စုံတစ်ခု ကြိတ်ကြံစည်​နေတာဖြစ်မယ်လို့ ခံစားခဲ့ရသည်။ထို့​ကြောင့် သူတုံးတိပဲပြန်​ဖြေလိုက်သည် "ကျ​နော် အဆင်​ပြေပါတယ်။တခုခုလိုလို့လား?"

ဝံပု​လွေနန်း​တော်က အ​တောက်ပဆုံး ကြက်က​လေးWhere stories live. Discover now