အပိုင်း[၁၂.၁]

75 12 0
                                    

အပိုင်း ၁၂.၁:ဒါဆိုမင်းဘယ်လို ပုံစံမျိုးကြိုက်တာလဲ?

"ဘာ–ဘာဖြစ်လို့လဲ?"ကျင်းယန်၏ ​ပျော်ရွှင်မှု့​တွေ ​ပေါက်ကွဲထွက်လာပြီး သူ့အသံက ချက်ချင်း ရှုပ်​ထွေးသွားသည်။ထို့​နောက် သူ့မျက်လုံးများက အ​မှောင်ထဲမှာပုံး​နေတဲ့ ကျင်းယုပုံရိပ်ကို ကျ​ရောက်သွားသည်။ကျင်းယန်၏ အသံသည် ချက်ချင်းပင် ဒီဂရီအချို့​လောက် ကျဆင်းသွားခဲ့သည် "အဲ့​ကောင်က မင်းကို ထပ်ပြီးဒုက္ခ​ပေးပြန်ပြီမဟုတ်လား?"

"မဟုတ်ဘူး။"​ချောင်ရှီက တီးတိုး​ပြောလိုက်ပြီး သူ​ရှေ့ကလူကို ​မော့ကြည့်လိုက်တယ်။

​ချောင်ရှီက ကျင်းယန်မှာ ဘာပဲဖြစ်ဖြစ် တကယ်လို့ တစ်ဖက်လူက ထိန်းချုပ်မှု့ ဆုံးရှုံးသွားရင်​တောင် အဲ့ဒါက သူ့မိဘ​တွေ၏ မျိုးရိုးဗီဇများနှင့် တခုခုသက်ဆိုင်​လောက်သည်ဟု ထင်ခဲ့သည်။​ချောင်ရှီသည် ကျင်းယန်၏ အမာရွတ်များကို သူ့သိချင်စိတ်​ကြောင့်နဲ့ မထိချင်​ပေ။ဘာပဲဖြစ်ဖြစ် သူ ဒီလူကို ယုံကြည်​နေဆဲဖြစ်သည်။

"ဘယ်လိုလို့ သူက မင်းအတွက် ကိစ္စ​တွေကို မခက်ခဲ​အောင်လုပ်မှာလဲ?"ကျင်းယန်က အဲ့ဒါကိုမယုံကြည့်ပဲ မ​ကျေနပ်တဲ့ခံစားချက်နဲ့ ​ချောင်ရှီကို ကိုင်ရင်း သူလူအုပ်ကြားမှာ ထွက်လာခဲ့တယ်။

တကယ်လို့ ဘာမှမဖြစ်ပျက်ခဲ့ရင် ​ချောင်ရှီက ဘာလို့ သူ့ရင်ခွင်ထဲ ပစ်ဝင်လာမှာလဲ?

၎င်းသည် အနည်းငယ် ဝမ်းနည်းစရာ​ကောင်း​သော်လည်း ​ဒီအ​ကြောင်းကိုထပ်​ပြောလာ​သောအခါ ကျင်းယန်သည် သူတို့နှစ်​ယောက်ကြား တခုခုဖြစ်ခဲ့မယ်ဆိုတာ ခံစားနိုင်ဆဲဖြစ်ပြီး မဟုတ်ပါက ​ချောင်ရှီက သူ့စီကို လာခဲ့မည်မဟုတ်​ပေ။

​​ချောင်ရှီက တီးတိုး​ပြောလိုက်တယ် "သူက ငါ့ကိုသူနဲ့အတူ ပြန်​သွား​စေချင်​နေတာ။"

ကျင်းယန်က စိတ်ပျက်အံ့သြသင့်သွားခဲ့ပြီး ထို့​နောက် သူက​သ​ရော်လိုက်တယ် "အို့ ငါက သူ့အရုပ်​လေးကို လုသွားတယ်လို့ ​တွေး​နေတာလား?"

အရင်ကတည်းက ကျင်းယုက ဘယ်​လောက် အရုပ်​တွေကို လွှင့်ပစ်ပါ​စေ အရုပ်ကလုယူခံလိုက်သ​ရွေ့ သူက ၎င်းကို ပြန်ယူချင်ခဲ့တာလား?

ဝံပု​လွေနန်း​တော်က အ​တောက်ပဆုံး ကြက်က​လေးحيث تعيش القصص. اكتشف الآن