အပိုင်း[၁]

459 63 2
                                    

အပိုင်း ၁-ဝံပု​လွေတွင်းထဲ ပြုတ်ကျလာတဲ့ ကြက်က​လေး

"​ဟေး သူဘာလို့စကားမ​ပြောတာလဲ။"

ငှက်နှစ်​ကောင်က သူတို့ရဲ့​နောက်​ကျောမှာ ဝံပု​လွေနှစ်​ကောင်နဲ့ သစ်​တောအထက် ​ကောင်းကင်​ပေါ်မှာ မြင့်မြင့်ပျံသန်း​နေတယ်။ပျံ​နေတဲ့ ငှက်​တွေထဲမှ တစ်​ကောင်သည် သူ့ရဲ့ညာဘက် ​​ခြေသည်းတွင် ကြက်က​လေးတစ်​ကောင်ကို ကိုင်ထားသည်။ထို​မေးခွန်းကို ​မေးလိုက်တဲ့သူက ​ချောင်ရှီကို ​နေ့တစ်ဝက်​လောက် လှည့်စား​နေသည့် အထက်တန်းလွှာ ဝံပု​လွေဖြစ်သည်။

"သူ​ကြောက်​နေလို့ ​နေမှာ​ပေါ့ ဟားးဟားး။"ထိုအသံက မျက်နှာလို မျက်နှာရလုပ်​သည့် ​လေသံနှင့်ပြည့်​နှက်​နေပြီး ​ချောင်ရှီမျိုးနွယ်မှ တစ်စုံတစ်​ယောက်​ပြောလိုက်ခြင်းဖြစ်သည်။

​ချောင်ရှီ ​အောက်က ​သစ်​တောကိုစိုက်ကြည့်လိုက်ပြီး သူနှုတ်ခမ်း​တွေကို ​စေ့ထားလိုက်ပြီး တစ်ခြားသူ​တွေ သူ့ကို ထပ်ပြီး ဟာသလုပ်ခွင့်မ​ပေး​တော့​ဘူး။

ပြီးခဲ့တဲ့​နေ့တစ်ဝက်တုန်းက ပုံမှန်အတိုင်းပဲ သူ​ကျောင်းတံခါးဂိတ်က​နေ တစ်​ယောက်ထဲထွက်လာခဲ့သည်။သူဘယ်တုန်းကမှ မထင်ခဲ့တာက အနက်​ရောင်ဝတ်ထားတဲ့ လူတစ်ဖွဲ့က သူ့ကိုဖမ်းပြီး ကားထဲသို့ထည့်လိုက်သည်။သူတို့​တွေက သူ့ရဲ့ ​တော်ဝန်အ​ဖေနဲ့အ​မေက ပို့လိုက်တဲ့လူ​တွေဖြစ်ပြီး နှစ်​ယောက်လုံးက ​ချောင်ရှီကို သူတို့ကို မြင်​တွေ့ဖို့​တောင် အခွင့်ရေးမ​ပေး​​ပေ။သူတို့က သူ့ကိုဖမ်းဆီးပြီး ဝံပု​လွေမျိုးနွယ် နန်း​တော်သို့ တိုက်ရိုက်ပို့လိုက်ကြသည်။

လမ်းတွင် အနက်​ရောင်နဲ့လူက ငှက်ဘုရင်နဲ့ ငှက်ဘုရင်မရဲ့ သူ့အတွက် မက်​ဆေ့ကို ​​ပြောပြခဲ့သည်။ဝံပု​လွေမျိုးနွယ်၏ တတိယမင်းသားသည် ကစား​ဖော် ငှက်ကို ရှာချင်​နေတဲ့အတွက် မင်းကအငယ်ဆုံးဖြစ်ပြီး မင်းသွားသင့်တယ်။

သို​သော်လည်း သူ့​တော်ဝင်တတိယမင်းသားသည် ​ရှင်းလင်းစွာပဲ ကစား​ဖော်ရှာတာမဟုတ်ပဲ ကစားဖို့ အရာကို ရှာတာဖြစ်သည်။​ချောင်ရှီသည် သူ့ရဲ့​ တော်ဝန်အ​ဖေနဲ့ အ​မေသည် ထိုကိစ္စကို အ​တော်​လေး ရှင်းရှင်းလင်းလင်း သိမယ်ဆိုတာကို သူယုံကြည်သည်။ဒါ​​ကြောင့် သူက ​သေသွားသကဲ့သို့ သူ့မိဘ​​တွေစီမှ စွန့်ပစ်ခံလိုက်ရတာဖြစ်သည်။

ဝံပု​လွေနန်း​တော်က အ​တောက်ပဆုံး ကြက်က​လေးWhere stories live. Discover now