အပိုင်း[၇]

163 34 1
                                    

အပိုင်း ၇- ကျင်းယန်၏လူသားပုံစံနှင့် သူ့မျက်နှာသည် အမှန်တကယ် အ​ကောင်းဆုံးထဲမှ တစ်ခုဖြစ်သည်။

မီးပုံပွဲတစ်ဝိုက်က လူ​တွေက အာ​မေဋိတ်သံကိုကြားလိုက်ရတဲ့အတွက် သူတို့က ​နောက်လှည့်ပြီး ​မှောင်​နေတဲ့ ကောင်းကင်ကြီးကို ကြည့်လိုက်သည်။

ကိုယ်တုံးလုံးဖြစ်​နေ​သော ကျားသစ်​လေးကီလီစီသည် သူ့လက်ကို အားရဝမ်းသာ ​ဝေ့ယမ်းလိုက်သည် "ဟယ်လို!"

ကျင်းရီက ကျားသစ်​လေးကို အလျင်စလိုဆွဲလိုက်သည်။

ကျင်းယန်သည် သူ့ခန္ဓာကိုယ်တစ်ဝက်​လောက်ကို ပြတင်း​ပေါက် အပြင်ဘက်ထွက်​နေပြီး သူ့​နောက်က​ကျောင်းယူ​ကြောင့်သာမဟုတ်ရင် သူခုန်ချ​နေပြီး​လောက်ပြီ ဖြစ်သည်။

ကျင်းယန်က သူ့တုန်ရီ​နေတဲ့လက်ညိုးနဲ့ သူတို့ကိုညွှန်ပြပြီး ဟိန်း​ဟောက်လိုက်သည် "မင်းတို့အားလုံးက တကယ်ကို ယုတ်မာတာပဲ။"

သူမြင်​တွေ့လိုက်ရတာ​ကြောင့် စိတ်အ​နှောက်ယှက်ဖြစ်​သော သူ့အပြုမှုသည် ကျင်းယန်ကို ဖခင်အိုကြီးတစ်​ယောက်လိုဖြစ်သွား​စေသည်။

အာရှု့သည် ဟိုင်ယုနှင့် သားရဲပုံစံသို့ပြန်မ​ပြောင်းခင် ခပ်​ဖျော့​ဖျော့ ​ချောင်းဆိုးလိုက်သည်။ကီလီစီသည် ဖြစ်ပျက်ခဲ့တာကို မတုန့်ပြန်​သေးပါဘူး ကျင်းရီက သူ့ကိြမဆွဲလိုက်ခင်အထိ သူ့ကနားမလည်နိုင်သလို​မေးလိုက်သည် "ငါတို့က ဒီလိုလုပ်ဖို့ခွင့်မပြုထားဘူးလား?ငါတို့ အရင်တုန်းက အမြဲဒီလိုလုပ်တယ်မဟုတ်ဘူးလား?"

​ချောင်ရှီသည် 'သူတို့က ​အလွယ်တကူ ပုံစံ​ပြောင်း​နိုင်ပြီး အဲ့လိုမလုပ်နိုင်တာက သူတစ်​ယောက်ထဲဖြစ်​နေတယ်'ဆိုတဲ့ ဝမ်းနည်းပူ​ဆွေးမှုကို ​သူ့ရင်ထဲတွင် သည်းခံ​နေရင်း ခဏအကြာတွင် ရုန်းရင်းဆန်ခတ်ဖြစ်တာကိုကြားလိုက်သည်။သူ ဆင်းသက်လာ​သော ကားပျံ​ပေါ်က​နေ ​ပြေးထွက်လာ​သော ကျင်းယန်ကို မသိစိတ်က​နေ သူစောင်းငဲ့ကြည့်လိုက်သည်။

ကျင်းယန် ​ချောင်ရှီက သူ့ကိုကြည့်​နေတာကို သတိထားမိ​တော့ သူအလွန်ပဲရှက်ရွံလာခဲ့သည်။ထို့​နောက် အဲ့ဒါက ရုတ်တရက် ​ဒေါသအဖြစ်သို့​​ပြောင်းသွားသည် "ဒါမျိုး အရင်တုန်းက ဘယ်သူက လုပ်​လေ့ရှိလို့လဲ?"

ဝံပု​လွေနန်း​တော်က အ​တောက်ပဆုံး ကြက်က​လေးWo Geschichten leben. Entdecke jetzt