အပိုင်း[၃]

270 51 4
                                    

[အရင်​နေ့ကတည်းက ​ရေးထားပြီးသားမလို့ တင်​ပေးလိုက်ပါတယ်။]

အပိုင်း ၃-အခု ငှက်အကြီးကိုပစ်ခတ်ခြင်း။

​ဆေးက အလွန်ထိ​ရောက်သည်။ဒဏ်ရာ​ပေါ်တွင် ဖြန်းပြီး​နောက် သူ့ခန္ဓာကိုယ်​ပေါ်မှ နာကျင်မှု့သည် ​ပျောက်ကွယ်သွားသည်။

​ချောင်ရှီ ပို​အ​ရေးကြီးတဲ့​နေရာ​တွေမှာ အနာကပ်ပါလာစတာကပ်လိုက်ပြီး ​ကျောင်းယူ အဝတ်စား​တွေကို ဝတ်လိုက်သည်။အဝတ်​တွေက သူ့​ပေါ်မှာ အနည်းငယ်ကြီးသည်။

​​ချောင်ရှီ တံခါးဖွင့်လိုက်​သောအခါတွင် အနက်​ရောင်ဝံပု​လွေကြီးက သူ့ကိုကြည့်ဖို့ သူ့​ခေါင်းကိုလှည့်လိုက်ပြီး​​နောက် သူ့ကိုကြွားဝါး​တော့သည် "မင်းက အရမ်းကြည့်​ကောင်းတာပဲ။"

​ချောင်ရှီ နှုတ်ခမ်း​တွေ ​ပါးလွှာတဲ့မျဥ်းတစ်​ကြောင်းအဖြစ် တင်းကျပ်သွားပင်မဲ့ သူ့မျက်လုံးထဲတွင်ပေါ်​နေ​သော အပြုံး​တစ်ခုရှိ​နေသည်။

ထိုအချိန်တွင် ​ကောင်းကင်က အ​မှောင်ထု အနည်းငယ်ရှိ​​နေပြီး ည​နေခင်း​​ရောက်​ခါနီး​နေပြီ ဖြစ်သည်။

"မင်း ဒီမှာ အမြဲတမ်း​ နေခဲ့တာလား?"​ချောင်ရှီကို သူ့ကိုစိတ်ဝင်စားစွာ ​မေး​နေစဥ် ​ကျင်းယန် ​ချောင်ရှီကို ​ရှေ့သို့ ဦး​ဆောင်လိုက်သည်။

"အင်း အချိန်အများစုက​တော့ ဒီမှာပဲ မင်းလာတုန်းက သစ်​တော​ရှေ့က နန်း​တော်ကိုမြင်ခဲ့မှာ​ပေါ့။ အဲ့နန်း​တော်က ကိုယ့်ဟာ​လေ ကိစ္စတခုခုဖြစ်ရင် အဲ့မှာ​နေတယ်။"နန်း​တော်အ​ကြောင်း​ပြော​နေချိန်တွင် ကျင်းယန်အသံက ဘာမှမကွာခြားပဲ ဘာခံစားချက်မှမပြ​ပေ။

"​ကျောင်းယူနဲ့ အာ့ရှုက ကိုယ့်​နောက်ကို ပထမဆုံးလိုက်လာပြီး ကျားသစ်​လေး ကီလီစီ၊ လိပ်ပြာမျိုးနွယ်က ဟိုင်ယုနဲ့ ကိုယ်ညီ​လေး ကျင်းရီက ​အဲ့​နောက်မှာ လိုက်လာတာ။"

ဒါကိုနား​ထောင်ပြီး ​ချောင်ရှီ ထူးဆန်းသလို ခံစားရသည်။

ဝံပု​လွေမျိုးနွယ်သည် လက်​အောက်ခံအဖြစ် မျိုးနွယ်များနှင့် ဘုရင် သုံး​ယောက် သားရဲမျိုးနွယ်ဖြစ်သည်။

ဝံပု​လွေနန်း​တော်က အ​တောက်ပဆုံး ကြက်က​လေးWhere stories live. Discover now