အပိုင်း[၉]

106 18 0
                                    

အပိုင်း ၉:သားရဲကမ္ဘာထဲက ရုပ်အ​ချောဆုံး ​​ယောကျာ်း​တွေ?

​ရှောင်ရှီ အမြန်စတုတ္တအကိုကို ဖုန်း​ခေါ်ပြီး မကြာခင် တစ်ဖက်မှ ဖုန်းကိုင်လိုက်သည်။သို့​သော် ထိုလူ​၏အသံသည် သူစိမ်းတစ်​ယောက်ဖြစ်​နေသည်။

အသံသည် နိမ့်ပြီး နက်ရှိုင်းကာ သေချာ​ပေါက်မှာ ထိုလူသည် သူ့စတုတ္တအကိုနှင့် ​မြေ​ခွေးမျိုးနွယ်ကို သွားခဲ့​သော အ​စောင့်မဟုတ်​ပေ။

​ချောင်ရှီက ​​ကြောက်ရွံစွာ​မေးလိုက်တယ် "မင်းက​..."

"ငါက​မြေ​ခွေးမျိုးနွယ်ရဲ့ အကြီးဆုံးမင်းသား ​ရှင်းလျို။"ထိုလူ၏အသံသည် နားထဲတွင် ကြည်နူးစရာကောင်းပြီး သူစကား​ပြောသံသည် တည်ငြိမ်ကာ သက်​တောင့်သက်သာရှိပြီး အလျင်စလိုမရှိသည့်အပြင် နူးညံပြီး ညင်သာမှု့ရှိသည် "မင်းက ​​ချောင်ရှီလား?"

"ဟုတ်ပါတယ်။"​ချောင်ရှီက စိတ်လှုပ်ရှားစွာ​မေးလိုက်တယ် "တဆိတ်​လောက် ငါ့စတုတ္တအကို....သူဘယ်လို​နေလဲ?"

"သူကအဆင်​ပြေပါတယ် စိတ်မပူပါနဲ့။"ရှင်းလျို ​ပေါ့​ပေါ့ပါးပါး တခစ်ခစ်ရီလိုက်ပြီး "သူနိုးပြီ၊ အာ...​ချောင်ရှီ အခုအဆင်မ​ပြေဘူးလား?သူ့ကိုအပြစ်မတင်ပါနဲ့။"

စကား၏ ဒုတိယတစ်ဝက်သည် အနည်းငယ် အ​ဝေးမှဖြစ်သည်။​သိသာစွာ ရှင်းလျိုသည် တခြားတစ်​ယောက်ကို စကား​ပြော​နေတာဖြစ်သည်။

​ချောင်ရှီ၏ စတုတ္တအကိုသည် ​မြေ​ခွေးမျိုးနွယ်တွင် ဗီဇအစားထိုးကုသ​ရေးကို ခံယူ​နေတာဖြစ်သည်။သူက အခု ကုသ​ရေးအခန်းထဲတွင် လဲ​လျောင်း​နေတာ ငါးနှစ်ရှိပြီး တစ်ပတ်ကိုတစ်ကြိမ်သာ နိုးသည်။

သို့​သော် သူနိုးရင်​တောင် သူ့မျက်လုံးများကိုမဖွင့်နိုင်ပဲ စကားမ​ပြောနိုင် မလှုပ်ရှားနိုင်​ပေ။ကုသ​ရေးအခန်းနှင့်အတူပါ​သော ဦး​နှောက်လှိုင်းများမှသာ လူ​တွေကို ဆက်သွယ်နိုင်သည်။ထို့​ကြောင့် ​ချောင်ရှီ စတုတ္တအကိုကိုဆက်သွယ်​သောအခါ သူနှင့် စတုတ္တအကို ဆက်သွယ်​ပေး​သော ကြားခံ အ​စောင့်တစ်​ယောက်ရှိသည်။

ဝံပု​လွေနန်း​တော်က အ​တောက်ပဆုံး ကြက်က​လေးOù les histoires vivent. Découvrez maintenant