အပိုင်း[၅]

196 37 0
                                    

အပိုင်း ၅- "မင်း?"​ချောင်ရှီ အံ့သြသွားသည်။အဲ့​​​နောက် သူ့​ခေါင်းကိုငုံ့လိုက်ကာ နူးညံစွာ​ပြောလိုက်သည် "မင်းက အရမ်း​ချောတယ်။"

ကျင်းယန်က သူကျင်းယုကို သင်ခန်းစာ​ပေးလိုက်မယ်လို့ ​ပြောသည်။

​"တတိယမင်းသား?"​က ချောင်ရှီမေးလိုက်ပြီး ထပ်​ပြောလိုက်သည် "သူကြည့်ရတာ ၁၀နှစ်​​လောက်ပဲရှိ​သေးတယ်ထင်တယ်။"

"၁၁နှစ်။"အနက်​ရောင်ဝံပု​လွေကြီးက ​ချောင်ရှီကို ကြည့်လိုက်ပြီး "ဘာလဲ သူ့အသက်အစစ်ကို သိသွား​တော့ မင်းစာနာသွားတာလား?"

​ချောင်ရှီ ကျင်းယန်ကို ထူးဆန်းစွာစိုက်ကြည့်လိုက်ပြီး ခေါင်းယမ်းလိုက်တယ် "မဟုတ်ဘူး။"

"ဝံပု​လွေအ​စောင့်​တွေကို ငါ့ကိုအနိုင်ကျင့်ဖို့ အမိန့်​ပေးတယ်၊ ပြီး​တော့ ငှက်နှစ်ကောင်ကို ငါ့ကို​တောထဲကို​ ပစ်ချခိုင်းတယ်။သူ​​သေချာသိတယ် ငါ့အရွယ်စားနဲ့ဆို...ငါမပျံနိုင်ပဲ ပြုတ်ကျသွားမှာ ဒါ​ပေမဲ့ သူလုပ်ခဲ့တာက ရိုးရှင်းသလိုမျိုး သူအဲ့လိုလုပ်လိုက်တုန်းပဲ။"​ချောင်ရှီ ​တည်ငြိမ်စွာ ​ပြောလိုက်တယ် "ငါက​တွေး​တောတတ်တယ် ငါ၁၁နှစ်တုန်းက လူ့သဘာဝကိုနားလည်ပြီး စာဘယ်လို​ရေးရမလဲဆိုတာက​တောင် သိ​နေပြီ အဲ့​​တော့ သူကအသက်ငယ်လို့ဆိုပြီး ငါသူ့ကိုခွင့်လွတ်မှာမဟုတ်ဘူး။အဲ့လူက မ​ကောင်းဆိုးဝါးပဲ။"

ကံမ​ကောင်းစွာနဲ့ပဲ အသက်၁၁နှစ်အရွယ်တွင် တတိယမင်းသား ကျင်းယုသည် နတ်သား​လေးဖြစ်မလာခဲ့ပဲ အဲ့အစား မ​ကောင်းဆိုးဝါး​လေးသာဖြစ်လာသည်။

ကျင်းယန် ​ချောင်ရှီဖြတ်​ကျော်ခဲ့ရသမျှအားလုံးကို စဥ်းစားကြည့်ရုံဖြင့် စိတ်ဓါတ်ကျသလိုခံစားရသည်။

သို့​သော် ​ချောင်ရှီသည် သူ့ခံစားချက်ကိုချိန်ညှိရာတွင် အလွန်မြန်ဆန်သည်၊ထို့​ကြောင့် သူစိတ်မသက်သာဖြစ်တာ မခံစားရ​ပေ။မကြာခင် သူ​မော့ကြည့်လိုက်ပြီး ​မေးလိုက်သည် "မင်းသူ့ကိုဘာလုပ်မှာလဲ။"

ကျင်းယန်က ​"သူတခြားသူ​တွေကို လုပ်ခဲ့သလိုမျိုး တူညီတဲ့အရာကို ငါတို့သူ့ကိုပြန်ခံစားခိုင်းကြမယ်။"

ဝံပု​လွေနန်း​တော်က အ​တောက်ပဆုံး ကြက်က​လေးNơi câu chuyện tồn tại. Hãy khám phá bây giờ