အပိုင်း[၆]

175 29 0
                                    

အပိုင်း ၆- သူ့ကြက်က​လေးကို လူ​​လေးယောက်က ဝိုင်းထားတယ်!!

​​ချောင်ရှီ သူ့တည်ရှိမှု့ကို အတတ်နိုင်ဆုံး ​လျော့ချရန် ​ထောင့်ကိုကပ်သွားသည်။သို​သော် တခြားသူများ၏အာရုံကို မဆွဲ​ဆောင်မိ​စေရန် သူ့အတွက်မဖြစ်နိုင်​ပေ။​ပြောရရင် ဒီအတန်းတွင် ​ကျောင်းသားဆယ်​ယောက်သာရှိသည်။ထို့​ကြောင့် အသစ်ဝင်လာ​သောသူ၏တည်ရှိမှု့သည် ထိုရက်စက်​သောသားရဲများ၏မျက်လုံးကို ချက်ချင်း ဖမ်းစားနိုင်မည်ဖြစ်သည်။

ကျား၊ ခြ​င်္သေ့နှင့် ကျားသစ်သည် စားပွဲ​ပေါ်သို့ ခုန်ချလိုက်ပြီး အနက်​ရောင်ဝက်ဝံက အံ့သြ​နေပြီး အနက်​ရောင်ဝက်ဝံမင်းသမီး၏ ပုခုံး​ပေါ်တွင် စပါးကြီး​မြွေသည် ရစ်ပတ်​နေသည်။

ထို့​ကြောင့် ​ချောင်ရှီ​အ​ပေါ်တွင် ကြီးမား​သောအရိပ်သည် ရုတ်တရက် အုပ်မိုးလာသည်။

သူကအဝိုင်းခံလိုက်ရပြီး ရက်​စက်​ကြမ်းကြုတ်သောသားရဲများသည် သူ့ကိုတည့်တည့်စိုက်ကြည့်​နေကြသည်။

​ချောင်ရှီ: "....."သူချက်ချင်း အသက်ရှုရတာ ခက်ခဲလာပြီး ခဏ​လောက်​ပျောက်ကွယ်သွားချင်သည်။သူ့အ​မွှေး​တွေကလဲ အနည်းငယ် တုန်ရီ​နေသည်။

ကျားသစ်​တွေထဲကတစ်​ယောက်က ကျားသစ်​လေးကိုနှုတ်ဆက်လိုက်သည် "ဒါက ကျင်းယန်​ပြောတဲ့ ငှက်မင်းသားလား?အရမ်း​သေးတာပဲ။"

ကီစီလီသည် စားပွဲ​ပေါ်တွင်လှဲနေပြီး ပျင်းရိစွာ​ပြောလိုက်သည် "သူကမင်းနဲ့အသက်တူတူပဲ။"

ကျားသစ်​သည် တကယ်​တော့ သူ့အမွှာအကိုဖြစ်သည်။သူတို့သည် အသက်တူတူပဲဖြစ်ပြီး သူ့အကိုက အသွင်​ပြောင်းခြင်းကာလကို ​တွေ့ကြုံပြီးပြီ။ထို့​​အပြင် သူ့တိရစ္ဆာန်ပုံစံသည် ကျင်းယန်ကဲ့သို့ မြင့်မားပြီး အင်အားကြီးသည်။

ကျားသစ်သည် ​ချောင်ရှီကိုအံ့သြစွာကြည့်လိုက်သည်။

"သူကတကယ်​သေးတာပဲ။"

"ငှက်မျိုးနွယ်က ဒီလိုပုံစံအသွင်ပြင်မျိုးကြီးတာလား?ဒါက ကြက်က​လေးမဟုတ်ဘူးလား?"

ဝံပု​လွေနန်း​တော်က အ​တောက်ပဆုံး ကြက်က​လေးWhere stories live. Discover now