အပိုင်း[၄]

245 46 0
                                    

အပိုင်း ၄-​ ချောင်ရှီ အနက်​ရောင်ဝံပု​လွေကြီးကို ကြည့်ပြီး တိုးတိုး​လေး​ပြောလိုက်တယ်: "တကယ်...မင်းငါ့ကို ​ထောက်ခံမှာလား?"

​ချောင်ရှီ ​သိပ်မ​​ဝေးတဲ့​နေရာမှာရပ်​နေတဲ့ လေးကို​အောက်ချလိုက်တဲ့လူကို​ စိုက်ကြည့်လိုက်တယ်။အဲ့​နောက် ​မြှားပစ်ခံလိုက်ရတဲ့ ငှက်ကို ​ချောင်ရှီ​မော့ကြည့်လိုက်တယ်။

မြှားက​နေ ​ဖောက်ထွင်းခံလိုက်ရတဲ့ ​သွေးစွန်းတဲ့မြင်ကွင်းက မဖြစ်ပျက်ခဲ့​ပေ။​နောက်တစက္ကန့်တွင် ဓါတ်လိုက်ခံရသလို ငှက်က တဆတ်ဆတ်လှုပ်ခါသွားပြီး​နောက် မြေပြင်​ပေါ်သို့ တည့်တည့်ကျလာခဲ့သည်။

​ချောင်ရှီ အံ့သြလွန်းလို့ စကားမ​ပြောနိုင်​တော့​ပေ။

ထိုအချိန်မှာသာ ​ကျင်းယန် ​ချောင်ရှီကိုသတိထားမိသည်။သူ မတ်မတ်ရပ်လိုက်ပြီး အပြုံးနဲ့​ပြောလိုက်သည် "ကိုယ်ရဲ့ မြှားပစ်စွမ်းရည်က ဘယ်လိုလဲ?သူတို့က ​သေနတ်မသုံးခိုင်းတာ နှ​မြောစရာပဲ မဟုတ်ရင် အဲ့ငှက်ကို ကျည်တစ်​တောင့်ထဲနဲ့ ပစ်နိုင်မှာ။"

"...."​ချောင်ရှီ ​ချော​မောတဲ့လူကို ထပ်ပြီးစိုက်ကြည့်လိုက်ပြီး​နောက် သူ့အ​​တောင်​တွေကို စိတ်လှုပ်တရှား ခတ်လိုက်သည်။

ကျင်းယန်...သူက ​အရမ်း​ချောတာပဲ!တကယ် ​ချောတယ်!!

ခဏအကြာတွင် ​ကျောင်းယူနဲ့ လိပ်ပြာဟိုင်ယု ​တောထဲက​နေ ထွက်လာခဲ့သည်။​ကျောင်းယူသည် ​အေးစက်​သော ​လေညင်းနဲ့ ​တောက်ပ​သောလနဲ့တူပြီး သူ့မျက်နှာ​မှာ ညင်သာတဲ့အပြုံးရှိ​နေတုန်းပဲဖြစ်သည်။သို့​သော် ထိုလူကြီးလူ​ကောင်းသည် သူ့လက်ထဲတွင် ငှက်ကိုသယ်ထားကာ...ထိုမြင်ကွင်းက ​ချောင်ချီကို တုန်ရီသွား​စေခဲ့သည်။

ငှက်က ကြက်၊ အနက်​ရောင်ဝံပု​လွေ အကြီး၊အ​သေး၊ ကျားသစ်​လေးနဲ့ လိပ်ပြာ​ ဝိုင်းခြင်းခံထားရသည်။သူတို့က သူတို့ တိတ်တဆိတ် စိုက်ကြည့်​နေကာ ​လေထုက အနည်းငယ်ထူးဆန်းလာပြီး သူတို့က တစ်ခုခုထူးဆန်းတာ လုပ်​နေသလိုမျိူး ဖြစ်​နေသည်။

ငှက်: "...."

ငှက်က သူ့မျက်လုံးကို​​မော့လိုက်ပြီး သူနားမှာ သစ်ကိုင်း​တွေ သစ်ရွက်​တွေ တစ်ပုံကြီးကိုမြင်လိုက်သည်။

ဝံပု​လွေနန်း​တော်က အ​တောက်ပဆုံး ကြက်က​လေးWhere stories live. Discover now