Arc 3🗡213🗡ပြိုင်ပွဲစင်မြင့်

Start from the beginning
                                    

လုရွှမ်သည် ယခုနှစ်မှ ရောက်ရှိလာသော လူသစ် ဖြစ်သော်ငြားလည်း သူ့အကြောငိး ဆူညံသံများ ထွက်ပေါ်နေပါ​ပြီ။ ပထမတွင် လုံယိဖျင်၊ ကျန်းရှောက်ချန်နှင့် ပိုင်ရှောင်းစသော အပြင်စည်းက ထိပ်တန်း သုံးဦးကို ခေါင်းဖြတ်သတ်ပစ်ခဲ့သည်။

ယင်းယန်အမိန့်ကို လုယူ၍ ယင်းယန် နန်းတော်၏ စည်းမျဥ်းစည်းကမ်းများကိုလည်း လျစ်လျူရှုထားခဲ့သည်။ သူကတော့ နာမည်ပျက်ဖြင့် ကျော်ကြားနေ၏။

ကျောင်းထဲက အကျော်ကြားဆုံး လူနှစ်ယောက် ထိပ်တိုက်တွေ့ပြီး ရလဒ်က ဘာဖြစ်မယ် ဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်ကြချေ။

အထူးလောင်းကစား ကဲ့သို့ အလောင်းအစား လုပ်သူများ ရှိသော်လည်း အများစုမှာ ကျန်းရှောက်ထျန်း အနိုင်ရမည်ဟု လောင်းကြေးထပ်ကြပြီး လုရွှမ်နှင့် ပတ်သက်၍ အကောင်းမြင်သူများမှာ အခြေခံအားဖြင့် အနည်းငယ်မျှ သာဖြစ်ပြီး ၎င်းတို့အားလုံး နီးပါးသည် ချိုင့်ဝှမ်းမှပြန်လာသော ကျောင်းသားများ ဖြစ်​လေသည်။

ဤဆွေးနွေးမှုများနှင့် ပတ်သက်၍ လုရွှမ်က သူတို့ကို ဂရုမစိုက်ဘဲ ပေါ့ပေါ့ပါးပါး ပြုံးပြကာ သဘောတူထားသည့် နေရာသို့ လျှောက်သွားခဲ့သည်။

ယင်းယန်ကျောင်းတော်၏ ပြိုင်ပွဲကွင်း​ပြင်သည် ယင်းယန်ရေကန် အနီးတွင် ရှိပြီး ကျယ်ဝန်း၍ ခိုင်မာပြီး ခမ်းနားသည်။

၎င်းကိုမူ ကျောင်း၏ ပြိုင်ပွဲအတွက် တည်ဆောက်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် အဖိုးတန် သတ္တုရိုင်းများစွာကို အသုံးပြုထားခဲ့သည်။ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၅ ကျင့်ကြံသူမှ စွမ်းအား အကြွင်းမဲ့ဖြင့် တိုက်ခိုက်လျှင်ပင် ၎င်းကို ဖျက်ဆီးနိုင်မည် မဟုတ်ချေ။

"ကြည့်စမ်း... အဲဒါ လုရွှမ်ပဲ!"

"သူ့မှာ အလွန်အစွမ်းထက်တဲ့ ဝိညာဥ်သားရဲ ရှိတယ်လို့ အမြဲပြောနေ ကြသလားလို့ပါ...  ဘာလို့ဒီနေ့ ခေါ်မလာတာလဲ"

"ဟုတ်တယ်လေ.... သူရဲ့အကြီးဆုံး အားကိုးရာက ဝိညာဥ်သားရဲပဲ ဆိုတာ ကြားမိသားပဲ...  သူ ဒီကိုမခေါ်လာဘူး ဆိုတော့ စီနီယာ ကျန်းရှောက်ထျန်းကို တိုက်ခိုက်ဖို့ သူ့ကိုယ်ပိုင် ခွန်အားကို အားကိုးချင်နေတာ ဖြစ်နိုင်ပါ့မလား"

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now