Arc 3🗡211🗡ပေရွှီး တော်ဝင်အင်ပါယာရဲ့ သခင် ပြောင်းလဲချိန်ရောက်ပြီ

Începe de la început
                                    

သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၄က အဆင့်၇နဲ့ တိုက်ခိုက်ပြီး သေရေးရှင်ရေး အခြေအနေကို အခွင့်ကောင်းယူကာ မိမိကျင့်ကြံမှုကို တိုးတက်အောင် လုပ်မယ် ဆိုတာက နည်းနည်းတော့ ရူးကြောင်ကြောင် နိုင်လှသည်။

"အန္တရာယ်များတယ်?? မင်းအဆင့်မြင့်တဲ့ ကျင့်​ကြံမှု အဆင့်ကို လိုချင်ရင် စွန့်စားဖို့ လိုတယ်.... ဖန်လုံအိမ်ထဲမှာပဲ ကျင့်ကြံနေရင် ဘယ်လိုလုပ် တိုးတက်နိုင်​တော့မလဲ"

လုရွှမ် ကျောနောက်ကို လက်နှစ်ဖက်ပစ်ရင်း မတ်တပ်ထရပ် လိုက်ပြီး မာနကြီးတဲ့ စကားလုံးတွေကို ပြောလိုက်၏။

အရင်ဘဝက ကမ္ဘာရဲ့ အထွတ်အထိပ်မှာ ရပ်တည်နေရတဲ့ ဘဝနဲ့ သေရေးရှင်ရေး အတွေ့အကြုံဟာ အကြိမ် တစ်ရာကျော်လော​က် ရှိရော့မည်။ ဒီလိုအခြေအနေမျိုး ကြုံလာရရင် အဲဒီအဆင့်ကို ရောက်ဖို့နေနေသာသာ နောက်ပြန် ဆုတ်သွားရမှာကိုတောင် ကြောက်ရ၏။

ကျင့်ကြံခြင်းသည် ကောင်းကင်ကို ဆန့်ကျင်၍ သဘာဝကို တွန်းလှန်ရခြင်း ဖြစ်သည်။ လူတစ်ယောက်သည် အမှန်တကယ် သန်မာသူတစ်ယောက် ဖြစ်လိုပါက စွန့်စားဖို့လည်း လိုသေးသည်။

ကျန်တာတော့ မပြောသေးဘဲ အရင်ဘဝက ဧကရာဇ်ငါးပါး အကြောင်းပဲ ပြောကြည့်ရအောင်။ လက်ထဲမှာ သွေးမစွန်းဘဲ အထွတ်အထိပ်မှာ ရပ်တည်နိုင်တဲ့သူ ဆိုတာ မရှိဘူး။ ထိုလူများ၏ လက်ထဲတွင် လူ့အသက် ဆယ်သန်းထက် မနည်း သေထားပြီးသားပင်။

ကျင့်ကြံသူ တစ်ယောက်ဟာ သူ့ရှေ့မှာ အခွင့်အလမ်း တစ်သောင်းမှာ တစ်​ကြိမ်ပဲ ရှိတယ်ဆိုတာ သိထားရင်တောင်မှ သူဘယ်တော့မှ စိတ်ပျော့ညံ့ မနေသင့်ဘဲ ရဲရင့်စွာနဲ့ ရှေ့ကို ဆက်သွားရမည်။

"ဟုတ်ကဲ့!"

လူငယ်လေးရဲ့ စကားကို ထပ်ကြားပြီး သူ့ခန္ဓာကိုယ်ပေါ်က အမှတ်မထင် အရိပ်အယောင် တချို့ကို မြင်လိုက်ရတော့ မော့ကောင်းရွှမ်းလည်း ခေါင်းငုံ့ကာ ကူကယ်ရာ မဲ့သွားသည်။

သူသည် သခင်​လေး၏ အကြောင်းအချို့ကိုလည်း ကြားသိခဲ့ရပြီးပြီ။ တစ်နှစ်ခွဲအတွင်း သူသည် ဘာမှမဟုတ်သော လူလေးတစ်ဦးမှ ပေရွှီး တော်ဝင်အင်ပါယာ တစ်ခုလုံးကို ကမောက်ကမ ဖြစ်စေသည့် အသွင်ပြောင်းနယ်ပယ် စတုတ္ထအဆင့်အထိ ကြီးထွားလာခဲ့သည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Unde poveștirile trăiesc. Descoperă acum