Arc 3🗡211🗡ပေရွှီး တော်ဝင်အင်ပါယာရဲ့ သခင် ပြောင်းလဲချိန်ရောက်ပြီ

Start from the beginning
                                    

"မလိုပါဘူး!"

"ဒါပေမဲ့ သူက ယန်ယီးနယ်ပယ်က သန်မာတဲ့ လူတစ်ယောက်ဖြစ်ပြီး သခင်လေးက အဆင့်၄မှာပဲ ရှိပါသေးတယ်"

သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉ ချန်ဖုန်းနယ်ပယ်က ကျင့်ကြံသူ မော့ကောင်းရွှမ်း အနေနဲ့ လုရွှမ်ရဲ့ ခွန်အားကို သဘာဝအတိုင်း မြင်နိုင်ပြီး မကူညီနိုင်ဘဲ ပြောလိုက်သည်။

သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် စတုတ္ထအလွှာနှင့် ခုနစ်လွှာကြားတွင် နယ်ပယ်ကြီး သုံးရပ် ခြား၍ တိုက်ခိုက် ထိုးဖောက်ရန် ကြိုးစားနေသော ပါရမီရှင်များအကြောင်း ကြားဖူးသော်လည်း ဤမျှကြီးမားသော ကွာခြားချက်ဖြင့် တိုက်ထုတ်နိုင်တာကိုတော့ မကြားဖူးသေးချေ။

"သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇ ယန်ယီးနယ်ပယ်က ကောင်းကင်နဲ့မြေကြီးရဲ့ ယေဘုယျ လမ်းကြောင်းကို နားလည်လာပြီ...  စွမ်းအင်တွေကို တစ်ကိုယ်လုံးကို ပေါင်းစည်းပြီး ခွန်အားတစ်ခုတည်း အဖြစ် သုံးမယ် ဆိုရင်တောင် ငါ့ကိုသတ်ဖို့ အဲ့လောက်မလွယ်ဘူး... ပြီးတော့ ငါလည်း အဆင့်၅ကို ထိုးဖောက်ဖို့ ဖိအားတချို့ လိုနေတာနဲ့ အတော်ပဲ!"

လုရွှမ် ပေါ့ပါးစွာ ပြောလိုက်သည်။

အခြေခံအားဖြင့် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၄က အဆင့်၇ကို အနိုင်ယူနိုင်သည်ဟု တစ်ယောက်ယောက်က ပြောပါက လုရွှမ် ကိုယ်တိုင်ပင် ယုံမည်မဟုတ်ပေ။

သို့သော် သူ၏ နည်းလမ်းများစွာနှင့် ကြံ့ခိုင်သော ကိုယ်ခန္ဓာဖြင့် တစ်ဖက်လူက သူ့ကိုသတ်ချင်နေလျှင်ပင် လွယ်ကူမည် မဟုတ်ပေ။

အဆင့်၄ ပြီးပြည့်စုံတဲ့ ကာလကနေ ထိုးဖောက် စုစည်းပြီး ဖြတ်ကျော်ဖို့ အခွင့်အရေး ရှိနေသေးသည်။ အဲဒါကို စမ်းသပ်ဖို့ ပြိုင်ဘက်ရဲ့လက်ကို အသုံးပြုပြီး သူ့ခန္ဓာကိုယ်မှာရှိတဲ့ ခွန်အားကို ထက်မြက်အောင် လုပ်နိုင်၏။

"သခင်လေး... ဒါက သိပ်အန္တရာယ် များလွန်းတယ် မဟုတ်လား"

လူငယ်ရဲ့ စကားကို ကြားတော့ မော့ကောင်းရွှမ်းရဲ့ ပါးစပ်ထောင့်များပါ တုန်လှုပ်သွားခဲ့သည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now