အာဟာရ ချို့တဲ့တာ အတွက်ကတော့ ... ဒီနေ့ ဓာတ်ဆားရော အားဆေးပါ သွင်းထားတာဆိုတော့ .. မနက်ဖြန်ကျရင် Amino Acid တစ်ပုလင်းလောက် ချိတ်နိုင်မယ် ထင်တာပဲ ....
နေပါဦး .. ဆေးအရည်တွေ တစ်ပုလင်းကြီးတောင် သွင်းထားတာဆိုတော့ .. အဲဒီ့လူက သန့်စင်ခန်း သွားဖို့များ လိုနေမလားပဲ ...
ရှဲ့ယွင်နန်က အိပ်ယာပေါ်တွင် လှဲနေသူကို ကြည့်ကာ အဝကျယ် ပလက်စတစ်ပုလင်းတစ်ခု ယူလာပေးရင်း မေးလိုက်သည်။
“သန့်စင်ခန်း သွားဖို့ လိုလား ...”
သွမ့်ချန်ချင်းက သူပြောသည်ကို နားမလည်သည့်အတွက် မျက်တောင်သာ ခတ်ပြလိုက်သည်။
တစ်ဖက်သူက စကားတစ်ခွန်းမှ မဆို၊ သို့သော် ဆန်ပြုတ်ကိုမူ အသာတကြည် သောက်သည့်အကြောင်း ပြန်စဉ်းစားကြည့်ပြီးနောက် .. ရှဲ့ယွင်နန်က ခြုံထားသည့် စောင်ကို ဖယ်ပေးလိုက်သည်။
သူ့အဘိုးမှာလည်း မကွယ်လွန်မီ နာမကျန်းဖြစ်နေသည့် အချိန်တွင် တစ်ကိုယ်ရေတစ်ကာယ ကိစ္စများကို မဆောင်ရွက်နိုင်တော့သည့်အတွက် ရှဲ့ယွင်နန်ကသာ သူ့ကို ဂရုစိုက်ပေးခဲ့ရရာ ဤသို့သော ကိစ္စရပ်မျိုးတွင် အတွေ့အကြုံ ရှိနှင့်နေပြီးဖြစ်သည်။
သွမ့်ချန်ချင်း !!!!!!!
သွမ့်ချန်ချင်း၏ ဇီဝကမ္မ ပြဿနာကို ကူညီဖြေရှင်းပေးပြီးနောက် ရှဲ့ယွင်နန်သည် ပုလင်းကို အဖုံးပိတ်ကာ လွှင့်ပစ်ပြီး လက်ဆေးရန် ထွက်သွားလိုက်သည်။
သွမ့်ချန်ချင်းက အိပ်ယာပေါ် လဲလျောင်းလျက် သက်ပြင်းမောတစ်ချက် ချလိုက်၏။
မြစ်ထဲတွင် မျောနေခဲ့စဉ်ကတည်းက သူ့ကိုယ်သူ သေလူဟု သတ်မှတ်ထားခဲ့ပြီးဖြစ်သည်။ သို့သော် ငယ်ရွယ်ချောမောသည့် ယောကျ်ားပျိုလေးက သူ့ထံ ရေကူးလာကာ …
ထိုအချိန်က အနည်းငယ် ရင်ထဲ ထိရှသွားခဲ့ကြောင်း ဝန်ခံရပေလိမ့်မည်။
အခု သူ့ရဲ့ လက်ရှိခန္ဓာကိုယ်က အတော်လေး အသုံးမကျ ဖြစ်နေတာ နှမြောစရာပဲ ...
သွမ့်ချန်ချင်းက သူ့ခန္ဓာကိုယ်အခြေအနေကို အမြန် အကဲခတ်လိုက်သည်။
JE LEEST
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
RomantiekTitle - Where'd My Delicate Little Wife Go? ငါ့ရဲ့ နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ... Description 💥 ရှဲ့ယွင်နန်သည် သူ့ကိုယ်သူ အခြားသူတစ်ဦး၏ အချစ်ဇာတ်လမ်းထဲရှိ အမြှောက်စာဇာတ်ကောင် တစ်ဦး ဖြစ်နေကြောင်းနှင့် ထို့ကြောင့်ပင်လျှင် အသက်ဆုံးရှုံးရမည်ဖြစ်ကြော...
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
Start bij het begin