ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ

4K 166 2
                                    

Chapter 1
October 27, 2023
Chapter 1

ဟုန်ယဲ့မြို့တော်၏ အစွန်အဖျား .. အနောက်တောင်ဘက်ရှိ စျေးတန်းရပ်ကွက်

နေရောင်ခြည်ကို မြင်တွေ့ရသည်နှင့် တစ်ပြိုင်နက် ဝန်းကျင်တစ်ခွင်လုံး သက်ဝင်လှုပ်ရှားလာတော့၏။

အမဲလိုက် ထွက်ကြမည့် ကြေးစားတပ်သားများ၊ အနီးဝန်းကျင်ရှိ လယ်ကွင်းနှင့် စိုက်ခင်းများတွင် အလုပ်ဆင်းကြသူ များနှင့် အစွန်အဖျား နေရာများတွင် နေထိုင်ကြသူများ  .... အမျိုးမျိုးအဖုံဖုံသော လူများသည် နေ့စဉ်ဓူဝ လိုအပ် သည်များကို ဝယ်ယူရန် အလို့ငှာ မိုးမလင်းခင်ကတည်းကပင် မြို့ထဲသို့ ရောက်လာကြ၏။

အမဲလိုက်ကြသည့် ကြေးစားတို့၏ ပိုက်ဆံအိတ်မှာ အလျော့ရဲဆုံးဖြစ်ရာ ယေဘုယျအားဖြင့် မြို့ထဲရှိ ဈေးအကြီးဆုံးဆိုင်များက ထိုသူများကိုသာလျှင် ရောင်းချကြပေသည်။

လယ်ကွင်းနှင့် စိုက်ခင်းအလုပ်သမားများမှာလည်း သာမန်ဝင်ငွေသာ ရှိကြသည့်တိုင် အခြေကျသည့် အလုပ်ကို ပိုင်ဆိုင်ထားသည့်အတွက် စျေးဝယ်ထွက်ရာတွင် လက်ဖွာကြ၏။ အလုပ်ရှုပ်သက်သာစေရန် အလို့ငှာ စားစရာ ဝယ်ယူရာတွင် ရက်ပေါင်းများစွာ စားသောက်၍ ရနိုင်လောက်သည့် ပမာဏမျိုးကို တစ်ပြိုင်တည်း ဝယ်ယူလေ့ ရှိကြသည်။

စျေးဝယ်ရာ၌ လွန်စွာ ခေါင်းမာကြသူများမှာမူ ဤဆင်ခြေဖုံးဒေသ၌ပင် ရုန်းကန်လှုပ်ရှားနေကြရသူများ ဖြစ်ပေသည်။ အများစုက တစ်နေ့စာတစ်နေ့သာ ဝယ်ယူလေ့ရှိကြကာ စျေးအချိုဆုံး ပစ္စည်းကိုသာလျှင် ထာဝစဉ် ရွေးချယ်တတ်ကြ၏။

“တူရကီအမဲသားတွေ စျေးချိုချိုနဲ့ရမယ်နော် ...”

“အာလူးထောင်း တစ်‌ပေါင်မှ နှစ်ယွမ် ...”

“အစေ့အဆန်မျိုးစုံ တစ်ပွဲမှ လေးယွမ် ...”

...

လမ်းဘေးရှိ နှစ်ထပ်အဆောက်အဦးငယ်တစ်လုံး၏ ဒုတိယထပ် အိပ်ခန်းထဲတွင် ... ရှဲ့ယွင်နန်သည် ပြတင်းပေါက် အပြင်ဘက်ရှိ ဆူညံသံများကြောင့်  နိုးထလာခဲ့၏။ ပြတင်းပေါက်ကို ဖွင့်ကာကြည့်လိုက်သည့်အခါ ထုံးစံအတိုင်း ဆိုင်ခန်းများဖြင့် ပြည့်နှက်နေသော စျေးလမ်းမကို တွေ့မြင်လိုက်ရသည်။

ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲWhere stories live. Discover now