Arc 3🗡201🗡စိတ်စွမ်းအား ၁၅

Start from the beginning
                                    

ထိုအခိုက်အတန့်တွင် အပြေးအလွှား သွားနေသော အကြီးအကဲများကလည်း ဖြစ်ပျက်နေသည်ကို သိရှိကြပြီးနောက် အားလုံးက ယင်းယန်ရေကန်ရှေ့တွင် လဲလျောင်းနေသေးသည့် တောင်​ဖောက်နဂါးကြီးကို ကြည့်ကာ သတိအနေအထားဖြင့် ကြောက်ရွံ့သွားကြလေသည်။

ဤဝိညာဉ်သားရဲသည် ဘုရင်မင်းမြတ် ချန်ရှုံနှင့် ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းကိုပင် ပြင်းထန်စွာ ဒဏ်ရာရစေနိုင်သည်။ သူတို့ကို သတ်ဖြတ်ခြင်းက ကစားနေရတာနဲ့ အတူတူပဲ ဖြစ်လိမ့်မည်။

ရင်ပြင်၌ အပ်ကျသံပင် မကြားရလောက်အောင် ငြိမ်သက်သွားပြီး လူတိုင်းဟာ ကျောင်းအုပ်ကြီး အတွက် လက်စားချေချင်နေသူ မရှိကြောင်း သဘောပေါက်သွား၏။

လုရွှမ် အပြင်မှာ ဘာဖြစ်သွားသလဲ လုံးဝ မသိချေ။ လက်ရှိအချိန်မှာ သူဟာ ဧရိယာမှာ ထိုင်နေပြီး ခေါင်းမှာ ချွေးတွေ အလျှံအပယ် ထွက်နေလျက် သူ့ခန္ဓာကိုယ်ကလည်း အဆက်မပြတ် တုန်နေသည်။

လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက ဒီနေရာကို သူဝင်လာခဲ့သည်။ အသက်ရှူချိန် အနည်းငယ်မျှပင် မထိန်းနိုင်လျှင် ထွက်လာလိမ့်မည်ဟုပင် တချို့က ထင်ခဲ့ကြသည်။

လွန်ခဲ့သည့် နှစ်ရက်အတွင်း သူသည် ကိုယ်ခန္ဓာအတွင်းရှိ ခွန်အားကို ဆက်လက် ဖြည့်တင်းခဲ့ပြီး ဆင်သံချပ် ရွှေကိုယ်ထည်သည် တစ်ဖန် ထိုးဖောက်ခဲ့ကာ အဆင့်၄ အကြီးစား အောင်မြင်မှု အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

ရုပ်ခန္ဓာ ခွန်အားကို အားကိုးရုံဖြင့် အင်အား သန်း ၄၀အထိ ကြီးမားနေပြီ ဖြစ်သည်။

ထိုမျှသာမကဘဲ သူ၏ ကျင့်​ကြံမှုသည်လည်း ကြီးစွာသော တိုးတက်မှုများကို ရရှိခဲ့သည်။ လွန်ခဲ့တဲ့ နှစ်ရက်က သူသည် အဆင့်၄ ကျိုချင်းနယ်ပယ်ကို ဖြတ်ကျော်ခဲ့ပြီး ယခုအခါတွင် လျင်မြန်စွာ တိုးမြင့်လာကာ ကျိုချင်းနယ်ပယ် ပြီးပြည့်စုံမှု ကာလကို တိုက်ရိုက် ရောက်ရှိနေပြီ ဖြစ်သည်။

စစ်မှန်သော ဝိညာဥ်ချီ၏ စွမ်းအား တစ်ခုတည်းကို မှီခိုရုံဖြင့် ၎င်းသည် ဟဲ့လင်နယ်ပယ်ရှိ ပြီးပြည့်စုံသော ကာလက ကျင့်ကြံသူများနှင့် နီးပါးတူညီသော စွမ်းအားပေါင်းသန်း ၈၀ အထိ ရောက်ရှိလာခဲ့ပြီ။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now