Arc 3🗡196🗡ငါလည်း သူ့ကို သတ်ချင်တယ်!

Start from the beginning
                                    

အိုးယန်ရွှမ်းက ပြင်းထန်စွာ ဟစ်အော်လိုက်သည်။

"ယင်းယန်ရေကန်ကို ဦးစီးတဲ့ အကြီးအကဲ တစ်ယောက်အနေနဲ့ မင်းက ဘာလို့ သူ့ကို မတားတာလဲ?"

ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းက မျက်ခုံးပင့်လျက် မေး၏။

"ကျွန်တော် သူ့ကို ရပ်ခိုင်းပေမယ့် ဒီကောင်က သားရဲခန်းမရဲ့ ကျောထောက်နောက်ခံ ရှိ​နေပါတယ်... ဒါကို ကျောင်းအုပ်ကြီးလည် ဟိုးအရင်ကတည်းက သိထားမှာပါ! ဒီတစ်ခါတော့ သားရဲခန်းမကနေ အဆင့်၈ ပြီးပြည့်စုံတဲ့ကာလက သားရဲကြီး တစ်ကောင်ကိုတောင် ရခဲ့သေးတယ်... ကျွန်တော်က သူ့ပြိုင်ဘက်တောင် မဟုတ်ဘူး အသတ်ခံလု နီးပါးပဲ"

ဒါကိုပြောရင် အိုးယန်ရွှမ်းက ပိုလို့တောင် အရှက်ရလာပြီး ပြင်းထန်တဲ့ နာကြည်းမှုတွေက သူ့ကို ပူလောင်လာစေ၏။

သူက ဘယ်သူလဲ?

ပေရွှီးအင်ပါယာ ယင်းယန်ကျောင်းတော် တစ်ခုလုံးတွင် အဆင့်၈ စွမ်းအားကြီးသော အကြီးအကဲ ဆယ်ဦးထဲမှ တစ်ဦးဖြစ်ပြီး ကျောင်းသားအသစ်က ယူဆောင်လာသော သားရဲတစ်ကောင်မှ နှင်ထုတ် တိုက်ခိုက်ခြင်း ခံခဲ့ရသည်။

အကြီးအကဲ လုံယွမ်ကိုတောင် သူ့ကိုကယ်ပေးဖို့ တောင်းပန်ခဲ့ရသေးသည်။ ဒီမြင်ကွင်းက သူ့ကို ဘယ်တော့မှ ဖြေရှင်းလို့ မရနိုင်လောက်အောင် မုန်းတီးလာစေသည်။

"အဆင့်၈ ပြီးပြည့်စုံခြင်းကာလက သားရဲကြီး ဟုတ်လား"

ကျောင်းအုပ်ကြီး ချူဝမ့်ရှန်း ခဏလောက် ထိတ်လန့်သွားပြီး သူ့မျက်လုံးကို မှိတ်ထားလိုက်သည်။ ထို့နောက် တစ်ဖန် ပြန်ပွင့်ကာ။

"သားရဲခန်းမက ဘာကိုဆိုလိုတာလဲ? ငါတို့ ယင်းယန်ကျောင်းတော်ကို လုံးဝ ဆန့်ကျင် ချင်နေတာလား?"

"သားရဲခန်းမက ဘာကို ဆိုလိုချင်မှန်းကို မသိပါဘူး.... ဒါပေမဲ့ အကြီးအကဲလုံယွမ်နဲ့ လုရွှမ်တို့ အဖွဲ့ကို ကျွန်​တော့်မျက်စိနဲ့ သေချာမြင်ခဲ့တာ...  သူတို့က ဂိုဏ်းချုပ်ပုံစံနဲ့ အတူတူ အလုပ်လုပ်နေကြတာ ... ကျောင်းအုပ်ကြီးကို တောင်မှ ဂရုမစိုက်ဘူး!"

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now