Arc 3🗡188🗡ယင်းယန်ရေကန်အတွက်စာရင်းသွင်းခြင်း (ပထမပိုင်း)

Começar do início
                                    

ထျန်ကျွင့်နမ် ထွက်သွားပြီးနောက် မုယန်ဖုန်းနှင့် အခြားသူများ ရှေ့သို့ရောက်လာပြီး ဤသခင်​လေးသည် ကောင်းကောင်းမွန်မွန် ရှိရုံသာမကဘဲ ကြီးကြီးမားမား တိုးတက်လာသည်ကို တွေ့လိုက်ရသောအခါတွင် သူတို့အားလုံး ဂုဏ်ယူဝမ်းမြောက်သွားကြသည်။

သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က လူတွေ ရာနဲ့ချီပြီး လိုက်ဖမ်း သတ်ဖြတ်နေတာတောင် ဘာဒဏ်ရာမှ မရလာတဲ့ လူဆိုတာ ပေရွှီးအင်ပါယာ မပြောနှင့် တိမ်ပင်လယ်နယ်မြေ တစ်ခုလုံးမှာတောင် မကြားဖူးမှာ ကြောက်ရသည်။

ကြောက်စရာ ကောင်းချက်!

ဒီသတင်း ထွက်တာနဲ့ တစ်တိုင်းပြည်လုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားမှာကို ကြောက်ရကာ ယင်းယန်ကျောင်းတော် ဌာနချုပ်ကတောင် တုန်လှုပ်သွားလိမ့်မည်။

ရှန့်ခုန်းမြို့ကို ပြန်ရောက်ပြီး သိပ်မကြာခင်မှာပဲ ဖန့်ဝူဆွေ့ဟာ လူတိုင်းနဲ့အတူ ကျောင်းတော်သို့ ပြန်သွားခဲ့သည်။

သူတို့ လာတုန်းက အတွင်းစည်းက ကျောင်းသား ၅၀ ကျော် အပါအဝင် အပြင်စည်းက လူ ၈၀၀ ကျော် ရှိပေမယ့် အခု ကျောင်းသား ၂၀၀ အောက်ပဲ ကျန်တော့ပြီး အတွင်းစည်းက ကျောင်းသားဟာလည်း တစ်ဒါဇင်လောက်ပဲ ရှိပါတော့၏။

ဆုံးရှုံးမှုကို အင်မတန် များပြားသည်ဟု ဖော်ပြနိုင်သည်။

လုရွှမ်၏ ဂုဏ်သိက္ခာနှင့် တောင်ဖောက်နဂါးတို့နှင့်အတူ ၎င်းတို့၏အဖွဲ့သည် ဆုံးရှုံးမှုအနည်းငယ်သာ ကြုံတွေ့ခဲ့ရသည်။

တခြားဘာမှ ပြောမနေဘဲ နန်ဟိုင်အင်ပါယာ ယင်းယန်ကျောင်းတော် ဌာနခွဲရှိ ကျောင်းသားအားလုံးသည် အကြီးအကဲယွင်ထန်း သေဆုံးမှုကြောင့် လုရွှမ်၏ နောက်သို့ လိုက်ခဲ့ကြသော်လည်း ဧရာမ အလှည့်အပြောင်းကြောင့် ၎င်းတို့အားလုံး သေဆုံးသွားကြပြီး မည်သူမျှ အသက်ရှင် ကျန်ရစ်ခြင်း မရှိခဲ့ပေ။

ထူးချွန်ကျောင်းသား ထောင်ပေါင်းများစွာသည် ယင်းယန်ကျောင်းတော် ဌာနခွဲ တစ်ခုလုံးသို့ ရောက်ရှိလာသော်လည်း အားလုံး သေဆုံးသွားကြသည်။ ဤသတင်းသာ ကြားရပါက တစ်ခုလုံးသည် လုရွှမ်ကို လက်စားချေလိုသော ဆန္ဒဖြင့် ရူးသွပ်သွားပေလိမ့်မည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Onde as histórias ganham vida. Descobre agora