Arc 3🗡182🗡အဆိပ်ခတ်ထားတာလား?

Start from the beginning
                                    

"မင်းအသက်ကို လဲလှယ်ဖို့ ရတနာရဲ့ တည်နေရာ အတိအကျကို သုံးချင်တာလား? စိတ်ကူးက ကောင်းပေမယ့် လူတော်တော်များများကို လှည့်စားပြီး အဲဒါကို လွယ်လွယ်ကူကူ ဖြေရှင်းနိုင်မယ်လို့ မင်းထင်နေတာလား? ဟာသပဲ!"

"တစ်စုံတစ်ယောက်က မင်းကိုမသတ်ဘူးလို့ ကတိပေးရင်တောင် ငါလုပ်မယ်....  အဓိပတိနယ်ပယ်လေးက ငါတို့ကို ယှဥ်နိုင်မှာလား? မင်းကို ငါတို့အသက်ရှင်ခွင့်ပေးရင် ငါတို့မျက်နှာ ဘယ်မှာ သွားထား​တော့လဲ"

လူတိုင်း ဟောက်ကြ​လေသည်။

သူ့နောက်ကို လိုက်နေကြသည့် လူတို့သည် ရတနာအတွက် မျှော်လင့်ချက် မရှိမှန်း အမှန်တကယ် သိကြပြီး သူ့ကို ခက်ခက်ခဲခဲ လိုက်ရသည့် အကြောင်းရင်းမှာ ပို၍ မျက်နှာထားရမည့် ကိစ္စကြောင့် ဖြစ်သည်။

ချိုင့်ဝှမ်းထဲကို ဝင်ပြီး ရှင်သန်နိုင်ရင်တောင် အဓိပတိနယ်ပယ်က လူလေးကို သူတို့တွေဟာ ရက်ပေါင်းများစွာ လိုက်ဖမ်းပြီး လိုက်မဖမ်းမိခဲ့ဘူးလို့ ပြန့်နှံ့သွားတဲ့အခါ ဘယ်လို မျက်နှာထားမျိုး ထားရတော့မလဲ။

ထို့ကြောင့် ဤလုရွှမ်သည် ရတနာကို လွှဲပေးသည်ဖြစ်စေ မပေးသည်ဖြ​စ်စေ လူတိုင်း၏ အမြင်တွင် သူသည် သေရပေလိမ့်မည်။

"လုရွှမ် မင်းဒီမှာ အဓိပ္ပာယ်မရှိတဲ့ စကားတွေ ပြောနေစရာ မလိုဘူး...  လူတွေအကုန် အခုဒီမှာ ရှိနေပြီ မင်း ရတနာရဲ့ တည်နေရာကို အမှန်အတိုင်း မပြောဖို့ ဆုံးဖြတ်ထားရင် ငါတို့ကို ရိုင်းစိုင်းတယ်ဆိုပြီး အပြစ်မတင်နဲ့!"

လူတိုင်း၏ ဆွေးနွေးမှုကို အနှောင့်အယှက် ဖြစ်စေသော ရှောင်းချင်ထျန်းရဲ့ အသံက အေးစက်စွာ ထွက်ပေါ်လာ၏။

"ဟဲဟဲ... ကျုပ်ဆိုတဲ့ လုရွှမ်က လူများစွာရဲ့ လိုက်ဖမ်းခြင်းကို ခံရတဲ့အတွက် တကယ်ကို ဂုဏ်ယူမိပါတယ်!"

လုရွှမ်က မတ်တပ်ထရပ်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ ကျယ်လောင်၍ ကြည်လင်​ပြက်သားသော အသံသည် အရပ်ရပ်သို့ ပဲ့တင်ထပ်ကာ လူတိုင်း၏ နားထဲသို့ ရောက်ရှိသွားသည်။

"မင်းတို့က ငါ့ကိုသတ်ချင်တယ်... ဒါပေမဲ့ ငါကတော့ အပြစ်မဲ့သူတွေကို မသတ်ချင်ဘူး ဒါဆိုလုပ်ကြည့်ရအောင်... ငါ့ကို မသတ်ချင်တဲ့သူတွေ ချက်ချင်း ထွက်သွားနိုင်တယ်... ဒီလိုဆို မင်းတို့အသက်ကို ကယ်နိုင်လိမ့်မယ် မဟုတ်ရင်တော့ အရမ်းနောက်ကျသွားပြီ"

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now