Arc 3🗡181🗡စောင့်ဆိုင်းခြင်း (ဒုတိယပိုင်း)

Start from the beginning
                                    

"ဒီလူကို တစ်ချိန်တည်းမှာ တိုက်ခိုက်တာက ပိုကောင်းမယ် မထင်ဘူးလား? ဒီကောင်ကို အရင်ဖမ်းလိုက်မယ်.... ပြီးတော့ သူ့ကို သေသေချာချာ မေးမယ် ဘယ်လိုလဲ"

အဘိုးကြီးက ရှောင်းချင်ထျန်းထံ အသံကို တိတ်တဆိတ် ပေးပို့ပြီး ခေါင်းဖြတ် လှုပ်ရှားမှု ပြုလုပ်ဖို့ အကြံပေးလေသည်။

လူတိုင်းသည် ရတနာများကို လိုချင်ကြသည်။ ထို့ကြောင့် ဆွေးနွေးရန် တခြားလူများကို မစောင့်ချင်ကြပေ။

"ဒီကောင်လေးမှာ ထူးဆန်းတဲ့ လှည့်ကွက်တွေ အများကြီး ရှိတယ်။ သူ့ကို ချက်ချင်း ဖမ်းနိုင်ရင် အကောင်းဆုံးပဲ.... ဖမ်းလို့မရဘဲ ထွက်ပြေးရင် ဒါမှမဟုတ် သတ်သေသွားရင် ရတနာကို ပြန်ရနိုင်တော့မှာ မဟုတ်ဘူး"

ရှောင်းချင်ထျန်းက ညို့မှိုင်းသော မျက်နှာဖြင့် တစ်ဖက်လူ၏ စကားကို ဖြတ်တောက်လိုက်သည်။

ကောင်လေးကို ဖမ်းပြီး သင်ခန်းစာ ဘာလို့ မပေးချင်ရမှာလဲ။

ဒါပေမဲ့ တစ်ဖက်လူ ပြောခဲ့တာတွေက အမှန်ဆိုရင် သူတို့ကို သတ်ဖို့ နည်းလမ်းတွေ ရှိနိုင်သည်။ တခြားသူတွေကို အကြာကြီး စောင့်ပြီးမှ ဝါးခြင်းတောင်းထဲက ရေကိုယူရတာ မတန်ဘူးမလား။ ဒါကြောင့် သတိထားဖို့က ပိုကောင်းပါတယ်။

"ဒါပေမဲ့ အားလုံး ဒီမှာရှိနေတာပဲလေ... ကျုပ်တို့က သူ့ကို ဒီလောက်ကြာအောင် လိုက်ဖမ်းနေခဲ့ရတာ မဟုတ်ဘူးလား? "

အဘိုးအိုက အနည်းငယ် စိတ်ဓာတ်ကျသွားသည်။

"စိတ်မပူပါနဲ့.... အားလုံးလာရင်ရော ဘာဖြစ်လဲ? ငါရှောင်းချင်ထျန်းဆီက ဘယ်သူက ပြိုင်လုရဲမှာလဲ?"

အေးစက်စက် နှာမှုတ်သံနှင့်အတူ ရှောင်းချင်ထျန်း၏ မျက်နှာသည် ခိုင်ခံ့သော ယုံကြည်မှုကို ပြသလာခဲ့သည်။

သူသည် ​တော်ဝင်အင်ပါယာ၏ ခိုင်မာသော ထိပ်သီးစာရင်းတွင် ပြိုင်ဘက်ကင်းသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ချိုင့်ဝှမ်းတွင် မည်သူမျှ သူ့ပြိုင်ဘက် မဟုတ်ပေ။ အခြားလူများ ပါလာရင့တောင် သူ့ကို လုံးဝထိခိုက်စေနိုင်မည် မဟုတ်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now