Part 1

15.9K 412 56
                                    

အချစ်ထူး

အပိုင်း (၁)

#အချစ်ထူး

06230548

"ဘာမှ လွမ်းမနေနဲ့..မကောင်းတဲ့ကောင်ကို ဘာမှ သည်းခံနေစရာကို မလိုတာပါဟယ်..."

"........."

"နင့်ကို ငါ ဘာပြောခဲ့သလဲ...ဒီကောင့်အကျင့်ကို ငါ ကောင်းကောင်းသိလို့ ငါ ဘာပြောခဲ့သလဲ..ဟမ်..."

"ဟုတ်တယ်...ငါလည်း နောင်တရနေပါပြီ...ဒီအချိန်ထိ သည်းခံလာတာ ငါ့သားလေးကြောင့် ငါ့သားလေး မိတကွဲဖတကွဲ ဖြစ်ရမှာ စိုးလို့ သည်းခံလာတာ..."

"အဓိက က ငွေပဲ...နင့်သားက ခုမိစုံဖစုံ ရှိပြီး နင်တို့မှာ ကျောချစရာနေရာတောင် ရှိလို့လား...ဒီကောင်နဲ့ မယူခင်က အခြေအနေနဲ့ ယူပြီး ခုနှစ်ကြာ အခြေအနေ နင် စဉ်းစားကြည့်စမ်း...ဟွန့်.."

"ငါသိတယ်..ငါ့ကို က မိုက်တာပါ...ခုနင့်ဆီလာတာလည်း အဲဒါကြောင့်ပဲ...ငါ ဟိုကို ပြန်သွားမယ်...ငါ့သားကို ငါ စိတ်မချဘူး..နင်က သားသမီးတွေလည်း ရှိတယ်..အဒေါ်လည်း ဖြစ်တော့ သူစိမ်းထက် ပိုစိတ်ချရတယ်...သားကို နင့်ဆီမှာ ထားခဲ့မယ်...ကလေးစရိတ် အပြင် နင်တို့တောင်းသလောက် ငွေ ငါ ချပေးမယ်..."

"‌ငွေသီးသန့်ပေးစရာမလိုပါဘူးဟယ်...ကိုယ်တူ က ကိုယ်သားပဲ...ကလေးက လိမ်မာပါတယ်...ငါ သတ်ချင်တာက ဟိုကောင်...လူပါးဝတဲ့ကောင်..."

"‌ပြောနေလည်း အပိုပါပဲ...ငါ အရင်သူဌေး ပြောပေးလို့ အလုပ်တော့ ရမှာပါ...ခုလောလောဆယ်တော့ ငွေသိပ်ပို့နိုင်မယ် မထင်ပါဘူး..ဒါပေမဲ့ ဒီတစ်ခေါက်သွားရတာ ငါ့သားကြောင့် ငါ့သားအတွက် ငွေကိုပဲ အဓိက ထားရှာမယ်...သားကို မျက်နှာမငယ်ရအောင် ပညာတက်ကြီး ဖြစ်အောင် ငါကြိုးစားမယ်..."

"ကောင်းတယ်...ငါလည်း အငယ်ကောင် ကြီးရင် သွားဖို့ စဉ်းစားထားခါမှ နောက်တစ်ဗိုက်ထပ်ရလို့ မသွားဖြစ်တာ..."

"ဘာပဲဖြစ်ဖြစ် နင်က လင်ရ ကံကောင်းပါသေးတယ်...ကလေးသုံးယောက်တောင်ရှိပေမဲ့ ဟန်သေးတယ်...ငါယူမိတဲ့ လင်က ေ-ာက်သုံးကို မကျတာပါအေ...ဘာပဲ ဖြစ်ဖြစ် ခုမှ လွတ်လပ်တာ...အလုပ်တွေ စိတ်ကြိုက်လုပ်ပစ်ဦးမယ်.. ..."

အချစ်ထူးWhere stories live. Discover now