Arc 3🗡179🗡သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်

Začít od začátku
                                    

"ဘယ်လောက်တောင် အစွမ်းထက်တဲ့ စွမ်းအားလဲ!"

ကောင်းကင်မီးနဲ့ လောင်ကျွမ်းသွားပြီးနောက် လုရွှမ် ထိုစွမ်းအင်ကို ခံစားလိုက်ရပြီး သူ့မျက်လုံးများလည်း လင်းထိန်သွားသည်။

ယခုအချိန်တွင် ရုပ်ခန္ဓာသည် ခွန်အားက ပိုတိုးလာပြီ။ ဆင်သံချပ် ရွှေရောင်ထည်၏ တတိယအဆင့်ကို ချိုးဖျက်ပြီး စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဆင်သံချပ် ရွှေကိုယ်ထည်သည် တိုးတက်လာပြီးနောက် ရုပ်ခန္ဓာသည် ကောင်းကင်မီးအောက်တွင် တောက်လောင်နေဆဲပင်။ ခန္ဓာကိုယ်၏ မျက်နှာပြင်ပေါ်ရှိ နဂါးပုံစံသည် ခန္ဓာကိုယ်နှင့် လုံး၀ ပေါင်းစပ်ထားသည်။ ယခင် ခွန်အား ၂သန်းက ထပ်တိုးလာ၏။

"နောက်ထပ် ဆယ်ဆတိုးလာပြီ.... ခွန်အား သန်း ၂၀!"

သူ့လက်သီးတွေကို တင်းတင်းဆုပ်ရင်း သူဘယ်လောက် သန်မာလာတယ် ဆိုတာကို ချက်ချင်း သိလိုက်သည်။

ကောင်းကင်မီးကြောင့် ရုပ်ခန္ဓာ ခွန်အားသည် လျင်မြန်စွာ ကြီးထွားလာပြီး ဆင်သံချပ်ရွှေကိုယ်ထည် စတုတ္ထအလွှာသို့ တိုက်ရိုက်ချိုးသွားကာ ခွန်အားသည် တစ်ဖန် ဆယ်ဆတိုးလာ၍ ခွန်အားပေါင်း သန်း ၂၀ အထိ ရောက်ရှိသွားသည်။

ယခုအခါ ဝိညာဉ်စွမ်းအား အတိုင်းအတာ ၁.၂ဖြင့် စွမ်းအင်ပေါင်း သန်း ၄၀ ကို အသုံးပြုနိုင်ပြီး ခန္ဓာကိုယ်တွင် ခွန်အားက သန်း၄၀ ထပ်တိုးလာလို့ အားလုံး ပေါင်းလိုက်လျှင် သန်း၆၀ ရှိနေပြီ။ ဤသည်မှာ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၅ ဟဲလင်နယ်ပယ် နှောင်းပိုင်းကာလနှင့် ယှဉ်နိုင်နေပြီ ဖြစ်သည်။

ဒါတင်မကသေးဘဲ ရုတ်တရတ် ခွန်အားတွေ တိုးလာတာက သူ့ခန္ဓာကိုယ်ကို ပိုမာကျောသွားစေပြီး ထိပ်တန်း ဝိညာဉ်နယ်ပယ် လက်နက်တစ်ခုနဲ့ နှိုင်းယှဥ်နိုင်ပြီ။ မတ်တပ်ရပ် နေရင်တောင်မှ အဆင့်၄ ကျင်ချိုးနယ်ပယ် လောက်ကတော့ သူ့ကို နည်းနည်းလေးမှ နာကျင်စေနိုင်မည် မဟုတ်တော့ချေ။

"ငါ့ရဲ့ စိတ်စွမ်းအားတွေ ထပ်ပြီး တိုးလာပြီ"

ရုပ်ခန္ဓာ ခွန်အားကို မြင်ပြီးနောက် လုရွှမ်သည် ဝိညာဉ်စွမ်းအား အတိုင်းအတာကိုပါ သတိပြုမိလိုက်သည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Kde žijí příběhy. Začni objevovat