Arc 3🗡174🗡ရူးသွပ်စွာလိုက်သတ်ခြင်း (ပထမပိုင်း)

Start from the beginning
                                    

ရှောင်းချင်ထျန်းရဲ့ ခွန်အားကို ဘေးဖယ်ထားလိုက်မယ် ဆိုရင်တောင် ဒီထောက်ခံနေတဲ့ အဆင့်၈ တွေကို သူတို့အနေနဲ့ တိုက်ခိုက်နိုင်မှာ မဟုတ်ပေ။

"မင်းတို့ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်.... မင်းတို့ ဒီလိုပြောလာတော့ ငါတကယ် အားနာနေမိပါပြီ!"

ရှောင်းချင်ထျန်းပ အခြေအနေကို အချိန်အတော်ကြာ ကတည်းက ခန့်မှန်းမိထားပုံရပြီး ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။

"လူတိုင်း စိတ်မပူပါနဲ့.... ကျုပ် ရှောင်းချင်ထျန်းက ဒီနေ့ ကျုပ်အပေါ်ထားတဲ့ အားလုံးကို ကြင်နာမှုပေးကို သတိရနေမှာပါ....  အနာဂတ်မှာ ကျုပ်တို့ရှောင်းမိသားစုက ခင်ဗျားတို့အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ"

"ဟားဟား! ဒီလိုအသံ မြင့်တဲ့ပုံစံနဲ့ အရှက်မရှိပြောနိုင်တာ တကယ့်ကို အရေထူတာပဲ!"

သူစကားမဆုံးခင်မှာ မလှမ်းမကမ်းမှ အသွင်မဆောင်ဘဲ ရယ်မောသံကို ကြားလိုက်ရသည်။

"ဘယ်သူလဲ??"

"ဘယ်သူက သေချင်နေတာလဲ?"

ရှောင်းချင်ထျန်း စကားမပြောသေးပေမယ့် သူ့နောက်လိုက်ခွေးတွေက ကျယ်လောင်စွာ အော်လိုက်ပြီး အသံရဲ့ ဦးတည်ရာကို ကြည့်လိုက်တော့ အဆောက်အအုံ၏ တံစက်မြိတ်ပေါ် တိတ်တိတ်ဆိတ်ဆိတ် ရပ်နေတဲ့ လူငယ်တစ်ယောက်ကို တွေ့လိုက်ရ၏။ သူ့ပုခုံးပေါ်မှာလည်း ကျီးကန်းတစ်ကောင် နားနေသေးသည်။

သူသာ စကားမပြောခဲ့ရင် သူပေါ်လာတာကို ဘယ်သူမှ သိမှာ မဟုတ်ဘူး။

"လုရွှမ်?"

"မင်း တစ်ချိန်လုံး ပုန်းနေတာ အခုတော့ ထွက်လာပြီပေါ့.... မင်း​သေမှာကို ​စောင့်​​နေလိုက်!"

"မကောင်းတဲ့ကောင်! မင်းလက်ထဲက ရတနာတွေကို အမြန်လွှဲပေးစမ်း!"

ကောင်လေး၏ ပုံသဏ္ဌာန်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့ အားလုံးက ဒေါသတကြီးနှင့် တညီတညွတ်တည်း ဆူပူ ကြိမ်းမောင်းကြ​တော့သည်။

"လုရွှမ်.... မင်းက ငါ့လူတွေကို သတ်ပြီး ငါ့ရတနာတွေကို လုယူသွားပေမယ့် မင်း ငါတို့ကို ရှေးဟောင်းမြို့ထဲကို လိုက်ပို့ပေးခဲ့တယ်.. ဒါကြောင့် အခု မင်းကို အခွင့်အရေးပေးမယ် မင်းရထားတဲ့ ရတနာတွေကို ငါ့ကိုလွှဲပေးရင် ငါ ရှောင်းချင်ထျန်းက မင်းအသက်ကို ချမ်းသာပေးမယ်လို့ ကတိပေးတယ်!"

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now