Arc 3🗡171🗡ရတနာထွက်လာပြီ (ပထမပိုင်း)

Comenzar desde el principio
                                    

မင်းသားချန်ရှင်း၏ ဆရာမှာ အနည်းငယ် တုန်လှုပ်စွာ ပြောလာခဲ့သည်။

သူသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်  တွင် အားကောင်းသူ တစ်ဦးဖြစ်ပြီး သူ၏အမြင်အာရုံသည် သာမန်လူများထက် များစွာမြင့်မားနေလို့ ပြဿနာကို ချက်ချင်း မြင်လိုင်သည်။

"ရှေး​ဟောင်းမြို့ရဲ့ အကူအညီနဲ့လား?"

အားလုံး ခဏလောက် ထိတ်လန့်သွားပြီး သဘောပေါက်သွားကြသည်။

တောင်ဖောက်နဂါးသည် ရှေး​ဟောင်းမြို့မှ အလင်းရောင်ဖြူများကို ယခုပင် ချေးငှားပြခဲ့သည်။ ထိုမှပင် ၎င်း၏ခန္ဓာကိုယ်သည် ပို၍ကြီးမားလာပြီး အင်အားလည်း ပိုအားကောင်းလာခဲ့သည်။

ဒီရှေးဟောင်းမြို့ရဲ့ စွမ်းအားကို ဆက်လက် အသုံးချနိုင်မလား ဆိုတာ မသိပေမယ့် ဒီတစ်ကြိမ်မှာတော့ ၎င်းကို ဆက်ပြီး ​ပြဿနာ ရှာဝံ့မယ့်သူ မရှိလောက်တော့ချေ။

"ရှေး​ဟောင်းမြို့ရဲ့ စွမ်းအား အကူအညီနဲ့ဆို နတ်သားရဲရဲ့ တိုက်ခိုက်ရေး စွမ်းအားက ရှောင်းချင်ထျန်း ထက်တောင် ပိုကြောက်စရာကောင်းတယ်... သူ့ကို ပြဿနာရှာတဲ့သူတိုင်း သေလိမ့်မယ်!"

မင်းသားချန်ရှင်း၏ ဆရာသည် သူ့လက်သီးတွေကို တင်းနေအောင် ဆုပ်ထားလိုက်ပါသည်။

သူ့အင်အားက မပျော့ဘူးလို့ ထင်ရပေမယ့် တစ်ဖက်သားကို တကယ် ဒုက္ခပေးချင်ရင် တစ်စက္ကန့်အတွင်း ဖမ်းမိသွားလိမ့်မယ် ဆိုတာလည်း သူနားလည်လိုက်လေပြီ။

"ကျုပ်တို့ သူတို့နောက်ကို လိုက်ဦးမှာလား"

ယန့်ဖုံး ဇဝေဇဝါဖြစ်ကာ မေးလိုက်သည်။ ဤဝိညာဥ်သားရဲသည် ကြောက်စရာ ကောင်းလွန်းတာကြောင့် သူအနည်းငယ် ထိတ်လန့်သွားပြီလေ။

"နောက်ကလိုက်စရာ မလိုဘူး... နောက်ပိုင်း လုရွှမ်ကိုယ်တိုင် လိုက်လာရင် ဒီဝိညာဥ်သားရဲရဲ့ အစွမ်းက ပိုထက်လာနိုင်တယ် ကံမကောင်းရင် ငါတို့သတ်ခံရလိမ့်မယ်!"

မင်းသားချန်ရှင်းက စိတ်ပျက်လက်ပျက်နဲ့ ကြည့်နေလိုက်သည်။

နောက်ဆုံးတွင် အခွင့်အရေး တစ်ခုရှာပြီးနောက် သူသည် လုရွှမ်ကို သေချာပေါက် သတ်နိုင်မည်ဟု ထင်ခဲ့သော်လည်း အဆုံးတွင် ၎င်းသည် လုံးဝ မ​ဖြစ်နိုင်ကြောင်း တွေ့လိုက်ရသည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Donde viven las historias. Descúbrelo ahora