Arc 3🗡171🗡ရတနာထွက်လာပြီ (ပထမပိုင်း)

Começar do início
                                    

"ဘာကြီး?"

"အကြီးအကဲတွေ အများကြီး ပူးပေါင်းပြီး အခင်းအကျင်းတစ်ခု စီရင်လိုက်တာတောင် တစ်ခါတည်းနဲ့ အကုန် အသတ်ခံလိုက်ရတာလား?"

"ခေါင်းဆောင်ရှောင်း မှာတောင် ဒီလို ခွန်အားတွေ မရှိ​လောက်ဘူး!"

"ဘာဖြစ်ကုန်တာလဲ?"

"ဘာတွေဖြစ်နေတာလဲ ဂရုစိုက်မနေနဲ့ ပြေးသာပြေးတော့!"

ဒီမြင်ကွင်းကို မြင်လိုက်ရတော့ အားလုံး အံ့ဩသွားပြီး တစ်ယောက်ပြီး တစ်ယောက် အလုံးအရင်း ထွက်ပြေးသွားကြသည်။

အထူးသဖြင့် ကျင်းလင်ဂိုဏ်းတွင် အသက်ရှင်နေ သေးသူများသည် တစ်ဖက်လူတွေလည်း လုံးဝ စိတ်အနှောင့်အယှက် ပေးလို့ မရတော့သည်ကို နားလည်သွားကြသည်။

ရှောင်းချင်ထျန်း ကျေနပ်ဖို့အတွက် ဂိုဏ်းဝင်တွေတောင် ပျောက်ကွယ်လုနီးပါး ဖြစ်နေပါပြီ။ ရှေးဟောင်းမြို့မှာ အေးအေးချမ်းချမ်းနဲ့ ရတနာတချို့ ရထားပြီး ဒီလိုကိစ္စတွေမှာ မပါဝင်ဖို့က ပိုကောင်းလေသည်။

"လုရွှမ်ရဲ့ ဝိညာဥ်သားရဲ တိုက်ခိုက်ရေးစွမ်းအားက ဘာလို့ ဒီလောက်တောင် တိုးလာရတာလဲ?"

မင်းသား ချန်ရှင်းနဲ့ ဘေးမှာ ပုန်းနေတဲ့ တခြားသူတွေဟာလည်း ဒီမြင်ကွင်းကို သူတို့မျက်လုံးထဲ ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့ မယုံနိုင် ဖြစ်သွားတော့၏။

တောင်ဖောက်နဂါး၏ တိုက်ပွဲဝင် စွမ်းအားကို သူတို့မြင်ဖူးကြပြီး​ပြီ။ သာမန်သေမျိုး အသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ကလူပင် အမှန်တကယ် မယှဉ်နိုင်သော်လည်း များစွာသော လူများစွာဖြင့် ဖွဲ့စည်းထားသော အခင်းအကျင်းကို ဖြတ်ကျော်ကာ အကြီးအကဲ အများအပြားကို သတ်ပစ်ရန်အထိ မဖြစ်နိုင်သေးချေ။

ဒါပေမဲ့ သူ့ရှေ့မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်တွေက လူတွေက ၎င်းမှာ ဒီလိုမျိုး စွမ်းအားတွေ ရှိ​နေတယ်ဆိုတာ သက်သေပြပြီးပြီ။

ဘာတွေ ဖြစ်ကုန်တာလဲ?

"လုရွှမ်ရဲ့ ဝိညာဥ်သားရဲ ခန္ဓာကိုယ်ထဲမှာ ဝိညာဥ်သားရဲ လေးကောင်ထဲက တစ်ကောင်ရဲ့ သွေးတွေ ရှိနေတာဖြစ်မယ်... ရှေးမြို့ဟောင်းမှာ ခါတိုင်းထက် ပိုပြင်းထန်တဲ့ တိုက်ခိုက်ရေး စွမ်းအားကို ပြသဖို့အတွက် ရှေးဟောင်းမြို့ရဲ့ စွမ်းအားကို ယူသုံးနိုင်တယ်!"

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Onde as histórias ganham vida. Descobre agora