Arc 3🗡169🗡လုရွှမ် ပျောက်သွားပြီ (ပထမပိုင်း)

Start from the beginning
                                    

ရှောင်းချင်ထျန်း၏ မျက်လုံးများက အနည်းငယ် တောက်ပလျက်။

"သဘောမတူရင်ရော??"

"သဘောမတူဘူးလား? ဒါဆို စိတ်မကောင်းပါဘူး.... မင်းငါ့မျိုးနွယ်စုက လူကို သတ်ခဲ့ရင်တယ်.... မင်းငါ့အပေါ် ကျေးဇူးရှိတယ် ဆိုရင်တောင် မျိုးနွယ်စုအတွက် ငါကိုယ်တိုင် ထွက်တိုက်ပြီး တရားမျှတမှုကို ပြန်တောင်းရမှာပဲ"

"တရားမျှတမှုကို တောင်းမယ်?? ဒါဆိုလည်း မင်းအချိန်ပေးပြီး ဖြည်းဖြည်းချင်း တောင်းဆိုလိုက်တော့"

တစ်ဖက်လူ၏ လုံးဝကြောက်စရာ ကောင်းသော မျက်နှာကို မြင်လိုက်ရသဖြင့် လုရွှမ်သည် စကားထပ်ပြောရန် စိတ်မ၀င်စားဘဲ သူ့လက်ချောင်းများကို လှုပ်ရှားလိုက်သည်။

ဗုန်း!

လက်ထဲတွင်ရှိသော လူငယ်လေး၏ လည်ပင်းသည် ချက်ချင်းပင် ကြေမွသွား၏။ သူ့ခန္ဓာကိုယ်ကို လှုပ်ခါလိုက်သည်နှင့် သူ့ခန္ဓာကိုယ်တွင်းရှိ ရွှေအရှိန်များ အရှိန်အဟုန်ဖြင့် ပြေးလာကာ တစ်ကိုယ်လုံး မြေကြီးထဲသို့ ခဏအတွင်း ထိုးဆင်း ပျောက်ကွယ်သွားခဲ့သည်။

ကျီးကန်း အတွက်ကတော့ ရှောင်းချင်ထျန်း နဲ့ တခြားသူတွေ ကြက်သေသေပြီး ရပ်သွားတာကို မြင်တာနဲ့ အတောင်ပံတွေ ခတ်ပြီး ပြေးထွက်သွားလေ၏။

"ဘာ?"

ဒီကလေးကို သတ်ရတာ လွယ်မယ်လို့ သူထင်ခဲ့ပေမယ့် တစ်ဖက်လူက မြေကြီးထဲကို ဖောက်ဝင်ပြီး ခဏအတွင်း ပျောက်ကွယ်သွားတဲ့ နည်းလမ်းတစ်ခုကို သုံးနိုင်မယ်လို့ စိတ်ကူးပင် မယဉ်ခဲ့ဖူးချေ။

သူ့မျက်နှာက မည်းမှောင်သွားပြီး သူ့အသတ်ခံရသည့် လူငယ်ကို ဂရုမစိုက်ဘဲ လုရွှမ် ပျောက်ကွယ်သွားသော မြေပြင်ကို လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။

ဝုန်း!

မြေကြီး တုန်ခါသွားပြီး မီတာရာနှင့်ချီရှိသော အချင်းဝက်နှင့် မီတာဆယ်ဂဏန်း အနက်ရှိသော တွင်းကြီးသည် သူ့ရှေ့ရှိ ခြံဝင်းထဲတွင် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ ပြီးပြည့်စုံသော အဆင့်ရှိသူသည် ကမ္ဘာ​ကြီး၏ စွမ်းအားကို အသုံးချနိုင်နေပြီ ဖြစ်သည်။ ထိုမျှမက မြင့်မားသော တောင်တန်းများနှင့် မြေပြင်ကို လက်ဖဝါး တစ်ခုတည်းဖြင့် ဖြိုခွင်းနိုင်သည်အထိ အစွမ်းထက်ပေ၏။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now