Arc 3🗡168🗡ရှောင်းချင်ထျန်း မျက်နှာပျက်သွားပြီ

Start from the beginning
                                    

"တကယ်လို့ ငါမှန်းတာမှန်ရင် မင်းရဲ့ဝိညာဥ် သားရဲက နောက်က လိုက်မလာဘူးမလား... မင်းကအခု အဓိပတိနယ်ပယ်ပဲ ရှိသေးတယ်.... အမှား မလုပ်မိ​စေနဲ့!"

"ကောင်လေး ငါတို့ခေါင်းဆောင်က မင်းကို အထင်ကြီးလို့ ညီ​လေးလို့ ခေါ်တာ.... ကိုယ့်အတွက်ကို ဒုက္ခမရှာစမ်းပါနဲ့.... ဒါက မင်းရဲ့ ယင်းယန်ကျောင်းတော် မဟုတ်တဲ့ ရှန့်ခုန်းရှေးဟောင်းမြို့ပဲ မင်းဒီမှာပဲ သေသွားရင်တောင် ဘယ်သူကမှ ဘာမှပြောရဲမှာ မဟုတ်ဘူး!"

ရှောင်းချင်ထျန်း၏ နောက်ကွယ်မှ အခြားလူငယ်လေး တစ်ယောက်က လှမ်းအော်လိုက်သည်။

"တောင်းပန်ပါတယ်... ငါက တခြားသူတွေဆီက ခြိမ်းခြောက်ခံရတာကို မကြိုက်ဘူး.... ကိုယ်ရခဲ့တာတွေကို တခြားသူတွေကို ပြဖို့ဆို ပိုတောင် မကြိုက်ဘူး"

တစ်ဖက်လူ၏ ခြိမ်းခြောက် ကြိမ်းမောင်းခြင်းကို လျစ်လျူရှုကာ လုရွှမ် လှည့်ထွက်သွား​လေသည်။

"စိတ်ကြီးဝင်နေတဲ့ ကောင်!! မင်း ငါတို့ကို ခေါ်လာပေးတယ် ဆိုရင်း မင်းလုပ်ချင်တာ လုပ်လို့ရမယ် ထင်နေတာလား? သွားချင်တယ်ပေါ့? အဲ့လောက် မလွယ်ဘူးကွ!"

အမိန့်ကို မနာခံဘဲ လှည့်ထွက်သွားသည်ကို မြင်လိုက်ရသည်နှင့် ပထမလူငယ်က မျက်ခုံးပင့်ကာ သူ့လက်ကို ဆန့်လျက် လုရွှမ်ကို လှမ်းဖမ်းလိုက်သည်။

ဝုန်း!

သူ လှုပ်ရှားလိုက်သည်နှင့် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၃ ယင်းယန်နယ်ပယ်က လူဖြစ်ကြောင်း ပြသနိုင်၏။ အသက်၂၀ ကျော်မှာ ဤအဆင့်သို့ ရောက်ရှိထားခြင်းသည် ရှောင်းမိသားစုတွင် ပါရမီရှင် အဖြစ် သတ်မှတ်ခံရနိုင်သည်။

"ဟမ့်!"

ရတနာကို မလွှဲပေးတာနဲ့ တစ်ဖက်လူက သူဆီ တည့်တည့် တိုးဝင်လာမယ်လို့ မမျှော်လင့်ထားပေ။ လုရွှမ် မျက်လုံးတွေကို မှိတ်ထားပြီး ခန္ဓာကိုယ်ကို ဖျက်ကနဲ လှုပ်ရှား၍ မျက်စိတစ်မှိတ် အတွင်းမှာပဲ တခြားသူရှေ့မှာ ပေါ်လာကာ ခြေထောက်ကို မြှောက်ပြီး ကန်ထုတ်ပစ်လိုက်သည်။

ဝုန်း!

ပြင်းထန်သော အသံတစ်ခု ကြားရပြီး လူငယ်၏ လက်ဖဝါးသည် လုရွှမ်ထံ မရောက်မီတွင် ကန်ထုတ်ခံရပြီး ပျံထွက်သွားခဲ့သည်။ သူ၏ရင်ဘတ်က အရိုးများ ကျိုးကြေသွားသည့် အသံတစ်ခုပါ တစ်ဆက်တည်း ထွက်ပေါ်လာပြီး လေထဲတွင် ရှိနေချိန်တွင်ပင် "ဗွမ်းကနဲ! "အသားလုံး အဖြစ် ပြောင်းလဲသွား၏။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now