Arc 3🗡162🗡လုရွှမ်ပါးစပ်ဖွင့်ပြီ

Start from the beginning
                                    

"အခင်းအကျင်းရဲ့ နာမည်ကို ကျုပ်တို့သိရပြီဆိုတော့ လူတိုင်းမှာ တခြား အကြံကောင်းတွေများ ရှိ​ကြသေးလား"

ကျွင်းကျွိချိုးက အခင်းအကျင်း အကြောင်း ထုတ်ဖော်လိုက်ပြီမို့ ရှောင်းချင်ထျန်း အားလုံးဖက်ကို လှည့်ကာ မေးလိုက်သည်။

"ကျုပ် အမြင်အရတော့ တံဆိပ်ခတ် ကောင်းကင် သားရဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်... အခင်းအကျင်းရဲ့ အခြေခံအုတ်မြစ်ကို ရှာကြည့်ရအောင်.... အဲဒါကို ရှာတွေ့နေသရွေ့တော့ အခင်းအကျင်းကို ချိုးဖျက်ဖို့ ကျိန်းသေပေါက် နည်းလမ်းရှိမှာပဲ"

"အခင်းအကျင်းရဲ့ အုတ်မြစ်?? ဘယ်လိုရှာမှာလဲ? မြို့ထဲကိုတောင် ဝင်လို့မရတာ ဘယ်လိုလုပ် သွားရှာမှာမလဲ?"

"အခင်းအကျင်းရဲ့ အုတ်မြစ်ကို သေချာပေါက် ရှာတွေ့မှာ မဟုတ်ဘူး... ရှေးဟောင်းမြို့ တစ်မြို့ဖြစ်တာကြောင့် နှစ်ပေါင်းများစွာ လည်ပတ်နေခဲ့ပြီးပြီ... အခင်းအကျင်းက ဘယ်လောက်ပဲ အားကောင်းနေပါစေ ထိန်းသိမ်းထားဖို့ ခွန်အား လို​သေးတယ်။ နှစ်တွေကြာလာပြီ ဆိုတော့ ခွန်အားတွေ အများကြီး မဆုံးရှုံးဘူးလို့ မပြောနိုင်ဘူး.... ကျုပ်တို့ ရှေးဟောင်းမြို့ကို အသေအချာ တိုက်ခိုက်နိုင်ပြီး စွမ်းအင်တွေ ကုန်ဆုံးသွားတဲ့အခါ အခင်းအကျင်းက အလိုလို ပြိုကွဲသွားလိမ့်မယ်!"

"ဒါက နည်းလမ်းကောင်းပဲ!"

"နည်းလမ်းကောင်း?? ခင်ဗျားတို့ အားလုံး အခင်းအကျင်း ဖွဲ့စည်း တည်ဆောက်ပုံတွေကို နားမလည်ကြဘူး ထင်ပါရဲ့... ဒီအဆင့်ရဲ့ ကြီးမားတဲ့ ဖွဲ့စည်းမှုတစ်ခုက လေထဲမှာရှိတဲ့ ဝိညာဉ်စွမ်းအင်တွေကို မျိုချပြီး သူ့ရဲ့လုပ်ဆောင်ချက်ကို အလိုအလျောက် ထိန်းသိမ်းနိုင်စွမ်းရှိတယ်...  ခင်ဗျားတို့ရဲ့ စွမ်းအားက အရမ်းပြင်းထန်နေတယ် ဆိုရင်တောင် မဖျက်စီးနိုင်ဘူး... တစ်ကြိမ် တိုက်ခိုက်တိုင်း ဝိညာဉ်စွမ်းအင်ကို မစုပ်ယူနိုင်ဘူးလို့ အာမ မခံနိုင်ဘူးလေ.... ကံမကောင်းရင် လူကိုယ်တိုင် ထောင်ချောက်ထဲ ကျသွားလိမ့်မယ်... အဲဒီအခါ ရှန့်ခုန်းချိုင့်ဝှမ်းကိုလာတာ အချည်းနှီး ဖြစ်သွားရုံတင် မကဘူး ဝိညာဉ်စွမ်းအင်တွေလည်း ပျက်စီးသွားနိုင်တယ်.... "

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now