လှို့ဝှက် ကင်မရာ 📷³

Start from the beginning
                                    

"မင်းဘာတွေခံစားမိလဲ"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"မင်းဘာတွေခံစားမိလဲ"

"အင်း ထူးထူးခြားခြားပဲ ဒီဆွဲကြိုးလေးမှာလဲ ရာဇ၀င်တွေရှိနေနိုင်တာပဲလေ၊ ပစ္စည်းဟောင်းလေးတွေက စိတ်၀င်စားစရာ ‌ကောင်းတယ်"

"အင်းပေါ့ အင်းပေါ့၊ ရာ‌ဇ၀င်ထဲမှာ တစ်ယောက်ကချစ်ပေမဲ့ နောက်တစ်ယောက်က အခြားတစ်ယောက်ကိုချစ်နေတာမျိုး။ အဲ့လိုဆိုရင် ၀မ်းနည်းစရာပဲ"

"မင်းအခု ဘာအကြောင်းပြောနေတာလဲ"

"အော် ဒီတိုင်း အချို့ ဒဏ္ဏာရီလာဇာတ်လမ်းလေးတွေလိုများ ဖြစ်နေမလားလို့ပါ"

"စိတ်ကူးယဉ်ဆန်လိုက်တာ၊ တကယ်အဲ့ဆွဲကြိုးလေးရဲ့သမိုင်းကိုသိချင်တယ်၊ ငါကအဲ့လိုတွေစိတ်မ၀င်စားတတ်ပေမဲ့"

"သိချင်ရင် ရှာကြည့်ပေါ့ကွ၊ အဖြေတွေကမင်းအနားမှာလဲ ရှိနေနိုင်တာပဲ"

"အေး ငါလဲထင်ပါတယ်"

ကျတော် Google လောက်တော့ခေါက်တတ်ပါတယ် ဒါကို ဒီကောင်ငဖုက စောက်ဆရာကြီးအထာနဲ့ပြောနေသည်။ တကယ်ဆို လူတွေက ဘာပဲသိချင်ချင် Google ခေါက်ရမှန်းသိတယ်။ သူသာအလိုက်ကန်းဆိုးမသိ သူများအိမ်ထဲ၀င်လာတာ။

"Fot မင်းဒီလက်ပတ်လေးကို၀တ်ရမယ်နော်၊ ငါက ၀တ်စေချင်လို့ တကူးတက ၀ယ်လာရတာကွ"

"အေးပါ၊ ကျေးဇူးတင်ပါတယ်"

"ပြီးတော့ ဒီ အရုပ်လေးကိုလဲ မင်းအိပ်ယာထဲမှာထားနော်၊ ပြီးတော့ ဒီစားပွဲခုံတင်လေးကိုလဲ မင်းစားပွဲပေါ်တင် နော်"

"အေးပါကွာ သိပါတယ်"

"ဒါဆို သွားတော့မယ်၊ ငါရှေ့အခု၀တ်ပြ အဲ့နာရီကို"

"ဟ စောက်လျှာရှည်လိုက်တာ.. ကဲ ဒီမှာ ဒီမှာ ရပြီလား"

"အေး ၀တ်ထား၊ အိပ်ရင်တောင် ၀တ်အိပ်"

Married To The Death ManWhere stories live. Discover now