လက်ဆောင် 🎁²

Depuis le début
                                    

_______married-to-death-man__________

*ဟယ်လို~သခင်လေး ကျတော်သိပြီဗျ*

"အေး မင်းlocationထောက်လိုက်"

*ဟုတ်ကဲ့*

"အေး ‌မျက်ခြေမပျက်စေနဲ့"

*ဟုတ်ကဲ့~သခင်လေး*

ဖုန်းချ*

ဟိုတနေ့က စမ်းသပ်ထားသော သွေးများမသန့်၍ သစ္စာခံနှစ်ယောက် အသက်ပေးခဲ့ရသည်။ သွေးမရှိရင်မဖြစ်၍ Darkweb ကနေသွေးမှာကာမှ မသန့်စင်သောသွေး‌နှင့်တွေ့နေသည်။ ဒီလိုမှမှာ မရရင် ကိုယ်တိုင် အစာထွက်ရှာမှရမည်။ ထင်သလောက်လဲ မလွယ်သဖြင့်ခွေးဖြစ်ရတော့မည်။

တစ်ပတ်မှာ ၃ခါလောက်သောက်ရရင်လုံလောက်သဖြင့် တကုတကလဲထွက်သတ်ချင်စိတ်မရှိ။ ယခုတွင် ထိုလိမ်ရောင်းသွားသော သူကောင့်သားကိုဖမ်းရန်စုံစမ်းနေရသည်။ ပြီးရင် အမှုန့်ချေမည်။

"Leo လက်နက်ပြင်၊ လိုလိုမယ်မယ် တစ်ခြား အဖွဲ့သားတွေကိုပါခေါ်၊ ဒီတစ်ခါ အပြတ်ရှင်းမှရမယ်"

"ဟုတ်ကဲ့ သခင်လေး"

'မင်းပြေးထား...ငါလာပြီ'

ထို့နောက် တောက်တောက်ပြောင်ပြောင် ရှိလှသော ကားများထဲမှ အနက်ရောင် ခပ်တောက်တောက်ကိုရွေးကာ ထွက်လာခဲ့သည်။

အနက်ရောင်ရဲ့ အဓိပါယ်က ၀မ်းနည်းခြင်းကိုဆောင်သည်။ ဒီနေ့တော့ အလောင်းပြိုင်နေတော့မည်။

ချောင်ကျတဲ့ လမ်းတစ်လမ်းရဲ့အဆုံး သစ်သားစံအိမ် အကြီးကြီးကို တွေ့သည်နှင့် ချက်ချင်း လက်နက်များကိုင်ကာ အိမ်အတွင်းသို့ အပြေးအလွှာအသုန်းအရုံး ၀င်ကြသည်။

အပြင်ကကြည့်လျှင် စုတ်ပြတ်ပြတ်နိုင်ပေမဲ့ အထဲမှာသပ်သပ်ရပ်ရပ်ရှိသည်။

"Leo အဖွဲ့ခွဲ မင်းနဲ့ငါက အပေါ်တက်မယ်၊ ကျန်တဲ့ကောင်တွေ နှစ်ဖွဲ့ခွဲပြီး ရှာ။ ဒီနေ့ အဲ့ကောင်ကို အမြစ်ဖြတ်မယ်"

အမိန့်အသံအဆုံး ကိုယ်စီပေးခံရသော တာ၀န်များကို ဆောင်ရွက်ကြတော့မည်။

"Leo မင်းအသံကြားလား"

"ကြားတယ်ဗျ ရီသံပဲ..."

"အင်း"

Married To The Death ManOù les histoires vivent. Découvrez maintenant