Arc 3🗡161🗡တံဆိပ်ခတ် ကောင်းကင် သားရဲလေးကောင်

Começar do início
                                    

အဘိုးကြီး တစ်ယောက်က ခါးသက်စွာ ပြုံးလိုက်သည်။

သူ့စကားကို နားထောင်ရင်း လူအများက သူသည် ထျန်းသုန်းတော်ဝင်အင်ပါယာက သားရဲခန်းမ၏ ခန်းမသခင် ကောင်းထျန်းယွီ ဖြစ်ကြောင်း မှတ်မိကြလေသည်။

(ဘာသာပြန် = ယခင်က ထျန်းသုန်းအင်ပါယာဟု ဘာသာပြန်ခဲ့သည်)

ကောင်းထျန်းယွီသည် အင်ပါယာ၏ ထိပ်သီး အင်အားကြီးစာရင်းတွင် မပါဝင်သော်လည်း ၎င်း၏အစွမ်းသည် ဝိညာဥ်သားရဲနှင့် ကိုက်ညီလို့ ခိုင်မာသော စာရင်းရှိ သခင်များပင်လျှင် အံ့အားသင့်နေကြသည်။

ထိုအခိုက် သူဒီလို ပြောလာတော့ အခန်းတွင်းက လေထုကို မည်းမှောင်သွားစေ၏။

"ဘယ်လောက် ခက်ခဲတယ် ဆိုတာလည်း ကျုပ်သိပါတယ်... ရှေးဟောင်းမြို့ထဲကို ဝင်ရတာ လွယ်တယ်ဆိုရင် မရေမတွက်နိုင်တဲ့ ပညာရှင်တွေကို ရူးသွပ်စေမှာ မဟုတ်ဘူး!" ရှောင်းချင်ထျန်းက ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ... လူတိုင်းက ဒီအကြောင်းကို မပြောချင်ကြဘူး ဆိုမှတော့ ကျုပ်စိတ်ကူးကို အရင်စပြောလိုက်ပါ့မယ်"

"လွန်ခဲ့တဲ့ ရက်အနည်းငယ် လောက်က ရှေးဟောင်းမြို့​ဘေးကို လျှောက်​ကြည့်ခဲ့တယ်... အရှေ့၊ အနောက်၊ မြောက်နဲ့ တောင်မှာ မြို့တံခါး လေးပေါက်ရှိတယ်။ မြို့ရိုးတွေမှာ ဖောက်ဖျက်လို့ မရနိုင်တဲ့ အခင်းအကျင်း ပုံစံတွေ ရှိတယ်။ ဝင်ချင်ရင်တောင် ဝင်လို့မရဘူး.... ဒါပေမဲ့ ဖောက်ဝင်ချင်ရင်တော့ အဲဒီဂိတ်တွေကနေပဲ စလို့ရမယ် ထင်တယ်!"

"အရှေ့ဘက်၊ အနောက်၊ မြောက်ဖက်နဲ့ တောင်ဖက်စတဲ့ မြို့တံခါး လေးခုက အရွယ်အစားနဲ့ တည်ဆောက်ပုံ ကွဲပြားတယ်.... သူတို့ဆိုလိုရင်းကို ကျုပ် နားမလည်ပေမယ့် သူတို့ရဲ့ လက္ခဏာ ပုံစံတွေကို သေချာမှတ်သားထားတယ်...."

"မြို့အရှေ့ဘက် တံခါးက မြင့်တယ် ကျယ်ဝန်းတယ်...  ကောင်းကင်ကို တည့်တည့် တိုးဝင်နေသလို လူတွေကို မမြင်နိုင်တဲ့ ခံစားချက် တစ်ခုကို ပေးစွမ်းနိုင်နေတယ်... တံခါးကို ဘာနဲ့ သွန်းလောင်းလဲ မသိပေမယ့် တစ်ခုနဲ့တစ်ခု ချိတ်ဆက်ထားတယ်... ဝိညာဥ်သားရဲတွေရဲ့ အကြေးခွံနဲ့ နည်းနည်း တူတယ် ဓားနဲ့ ပုဆိန်နဲ့လည်း မခွဲနိုင် မခုတ်နိုင်ဘူး။ ကျုပ်အစွမ်းရှိသမျှနဲ့တောင် ခြေရာလက်ရာတွေ မထားခဲ့နိုင်ဘူး!"

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Onde as histórias ganham vida. Descobre agora