အခန်း ၂၆

10.4K 863 58
                                    

Unicode

"သေနတ် တစ်လက်ယူခဲ့"

တောင်ကြားလမ်းမှ စခန်းဆီမသွားဘဲ လေ့ကျင့်ရေးကွင်းဆီကားကို ဦးတည်လာသည့် ဦးမာန်က  ကွင်းထဲထိကားကိုတရကြမ်းမောင်းချလာခြင်းဖြစ်သည်။ ချောင်းရေတွေ၊ ရွံ့တွေနှင့် ပေတလူးနေသည့် သျှားကလူရုပ်ပင်မပေါက်။

ကားပေါ်မှဆင်းဆင်းချင်း သေနတ်တစ်လက်ယူခဲ့ဆိုသည့်အမိန့်ဆီးကြို၏ ထောင်ထားသည့် ရိုင်ဖယ်တို့ထဲမှ တစ်လက်ကိုယူကာ ဦးမာန်ဆီ တရိုတသေကမ်းရသည်။

*ဂျောက်*

သေနတ်မောင်းတင်သံကဂျောက်ခနဲ။ ဦးမာန်မျက်ခုံးတန်းတို့တွန့်ချိုးနေသည်။ လေ့ကျင့်ရေးကွင်းထဲစောင့်ကြပ်ရသည့်တပ်သားတွေက ဦးမာန်အတွက်ပစ်မှတ်တွေကိုပြင်ဆင်ပေး၏ အကွာအဝေးတစ်ခုတွင်ချိတ်ဆွဲထားသည့် လှုပ်ရှားနေသည့်ပစ်မှတ်တွေက ခဏအကြာအဆင်သင့်အနေအထားဖြစ်သွားပြီဖြစ်သည်။

"လာခဲ့...သျှားဟန်"

"ဟုတ်ကဲ့"

အရှေ့လာဖို့ခေါ်သည်ကြောင့် ဦးမာန်ရှေ့ သျှားသွားရပ်လိုက်သည်။ စိုက်ကြည့်လာသည့်မျက်၀န်းတို့သည်အေးစက်နေ၏ ပခုံးမှဆွဲလှည့်လိုက်သည့် ဦးမာန်က သျှားလက်ထဲ ခုနကမောင်းတင်ထားသည့် ရိုင်ဖယ်ကိုထည့်ပေး၏ ထို့နောက် ပစ်မှတ်တွေကို ဦးတည်စေ၏

"ဒီရိုင်ဖယ်က အသစ်တွေ"

"ဟုတ်.....ကဲ့"

"အာရုံစိုက်"

အခြေအနေက သျှား အာရုံစူးစိုက်နိုင်သည့်အခြေအနေမဟုတ်။ သျှား ခန္ဓာကိုယ်ကိုအနောက်မှ အုပ်မိုးထားသည်ကြောင့် ဦးမာန်ရင်ဘတ်နှင့် သျှားကျောပြင်က ကပ်ရက်ဖြစ်နေ၏

ကျောဘက်မှခံစားရသည့် နွေးထွေးသည့်အငွေ့အသက်.....

ရိုက်ဖယ်ကိုငြိမ်အောင်ထိန်းကိုင်ထားသည့် လက်တစ်ဖက်အောက် ဦးမာန်၏ ခပ်နွေးနွေးကြမ်းရှရှလက်တစ်စုံက အုပ်မိုးကိုင်ထား၏ ခလုတ်ဆွဲသည့် မောင်းပေါ်တင်ထားသည့် လက်တစ်ဖက်က ချွေးစေးတို့ပင်ပြန်နေပြီ။ ရိုင်ဖယ်အနှောင့်က သျှား၏ လက်မောင်းရင်းတွင် ဖိကပ်ခံထားရ၏

Smile Sparkle ShineWhere stories live. Discover now